{for unicode}
"unnie..."
နောက်ကခေါ်သံလေးကြောင့် jisoo
ကြောင်ပြီးရပ်နေမိသည် အသည်းပုံနှုတ်ခမ်းပါး
တွေကတုန်ရီနေပြီး လက်ဖျားတွေက
ရေခဲပမာအေးစက်နေပေသည်ခန္ဓာကိုယ်ကကျောက်ရုပ်ပမာ ငြိမ်နေပြီး
စိတ်ထဲမှ လှည့်ကြည့်ချင်စိတ်တွေဖြစ်နေသော်လည်း
လက်တွေ့မှာတော့ တုပ်တုပ်ပင်မလှုပ်နိုင်"unnie..."
ပြောပြီးအနားကိုလျှောက်လာနေသည်ကို
တလျှပ်လျှပ်မြည်သံတွေမှ ခံစားမိနေသည်
နှုတ်ခမ်းကိုတင်းတင်းကိုက်ထားတဲ့ သူမက
မျက်ရည်စက်တွေလည်း လျှံကျလာခဲ့ပြီ"ဟေ့ အဒေါ်ကြီးဘာလာရှုပ်နေတာလဲ ဒါ ခင်များလာရမယ့်နေရာမဟုတ်ဘူး"
ဆူညံသံတွေနဲ့အတူ လူတစ်စုက ဆွဲခေါ်နေမှုကြား
ရှုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ သူ့အခြေအနေကို
သိနေပေမယ့် ခန္ဓာကိုယ်က လှုပ်မရဖြစ်နေသည်"ငါ့ကိုလွှတ် ငါ unnie နဲ့တွေ့မလို့ unnie...chae လေ chae...unnie ဆီကိုပြန်လာပြီလေ လှည့်ကြည့်ပေးပါအုံး..."
လက်သီးကိုကျစ်ကျစ်စုပ်ကာ လှည့်ကြည့်လိုက်တော့
လက်ဖဝါးနုနုတွေကို တုန်ရီနေတဲ့နှုတ်ခမ်းပါးများ
ဆီကျရောက်လို့...အဆက်မပြတ်မျက်ရည်တွေကျနေတဲ့ jisoo ကိုမျက်ရည်တွေကြားက ပြန်ပြုံးပြနေတဲ့
chae...တကယ်ပင် သူပါ သူအစစ်ပင်
မယုံကြည်နိုင်စွာ ရှိုက်ကြီးတငင်ငိုကြွေးနေမိသည်"ငါ့ကိုလွှတ် ငါ့မိန်းကလေး ဟိုမှာငိုနေပြီ တွေ့လား..."
အတင်းဖမ်းချုပ်ထားတာကြောင့် လှုပ်မရဖြစ်နေတဲ့
chae ဒေါသကြီးစွာ အော်ဟစ်လိုက်တော့
လူအများက ငိုနေတဲ့ သူတို့ရဲ့ Ceo ကိုကြည့်ကာ
ဖမ်းချုပ်ထားတဲ့လက်တွေဟာလည်း ပြေလျော့သွားခဲ့ပြီ...chae ဖယ်ခွာဖို့ရုန်းလိုက်တော့
ပြန်လည်တင်းကျပ်စွာ ဆုပ်ကိုင်လာကြသည်"shit...မင်းတို့ အခုအခြေအနေကို နားမလည်သေးဘူးလား ဒီမှာဆက်အလုပ်မလုပ်ချင်ကြတော့ဘူးလားဟမ်..."
တစ်ယောက်ချင်းစီရဲ့မျက်လုံးတွေကို စူးစိုက်စွာ
ကြည့်ပြီး တစ်လုံးချင်းပြုံးနေတဲ့ chae က
မာန်အပြည့်ဖြင့်...
KAMU SEDANG MEMBACA
Image of Heart (Season 2)
Fiksi Penggemarေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်