{for unicode}
"ဟုတ်တယ် ကျွန်မတို့ကွာရှင်းကြရအောင် darling"
သူမကတည်ငြိမ်စွာပြောနေသလောက်
သူ့မှာတော့ပူလောင်နေရသည်Burmese "မဟုတ်တာပဲ jane လေးရာယ် စိတ်လိုက်မာန်ပါတွေမလုပ်ရဘူးလေ သမီးတို့မွေးလာမယ့်ကလေးလေးကိုထည့်မတွက်ကြတော့ဘူးလား"
ဒေါ်ခင်သက်ထားက မျက်ရည်တွေဝဲလျက်
သူမတို့ရှိရာဘက်သို့ ရွှေ့လာရင်း
သူမလက်ကိုကိုင်ကာ ချော့မော့သည်သူမလဲ ဒေါ်ခင်သက်ထားရဲ့လက်တွေကို အပေါ်ကအုပ်ကိုင်ကာ ဖျော့တော့စွာကြည့်ရသည်
Burmese "စိတ်လိုက်မာန်ပါလဲ မလုပ်ဘူးမေမေ ပြီးတော့ ဒါတွေက သူပဲစခဲ့တာပါ သူသာ jane တို့ရဲ့ကလေးလေးကိုငဲ့ကြည့်ခဲ့မယ်ဆိုရင် ဒီလိုတွေဖြစ်လာစရာလား မေမေ...ဟင်..."
Burmese "ဒီလိုဆိုပေမယ့်လည်းကွယ်..."
ဒေါ်ခင်သက်ထားဘာမှမပြောနိုင်စွာ မျက်ရည်တွေသာ စီးကျနေခဲ့သည်
သူမကိုယ်တိုင်လဲ ပါးပြင်ထက်မှာ မျက်ရည်မိုးတွေစွေရွာနေခဲ့ချေပြီ"honey စိတ်ဆိုးနေတာလား ရိပ်တောင်းပန်ပါတယ်နော် ရိပ်ကိုအာ့လောက်ထိတော့ မရက်စက်ပါနဲ့"
ဘေးမှာထိုင်နေတဲ့ သူ့အသံမှာတုန်ယင်နေသည်
သူမ ခပ်မာမာပဲ သူ့ဆီသို့အကြည့်တွေပို့လိုက်တော့
တောင်းဆိုနေတဲ့မျက်ဝန်းတွေ ချက်ချင်းအကြည့်လွှဲကာ နေရသည်...မဟုတ်ခဲ့လျှင် ဒီမျက်ဝန်းတွေထဲ သူမ နစ်မွန်းရပေအုံးမည်မလား
"ကျွန်မ စိတ်ဆိုးလို့ဒီစကားပြောတာမဟုတ်ဘူး အရင်ရက်စက်ခဲ့တဲ့သူက ရှင်ပါ darling ရာယ်"
သူမရဲ့စကားတွေကပြတ်သားလွန်းလှသည်
ချက်ချင်းပင် သူမရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သူက လက်တွေကိုလဲ ထောက်ထားတဲ့ဒူးပေါ်
တင်ထားရင်း သူမကို မဝံ့မရဲလေးလှမ်းကြည့်နေသည်"မကွာနိုင်ဘူး honey...ရိပ် honey ကိုမကွာပေးနိုင်ဘူး ရိပ်တောင်းပန်ပါတယ် နော် အာ့လိုတွေမပြောပါနဲ့"
မျက်ရည်တွေကိုယ်စီကျနေပေမယ့် အနာကျင်ဆုံး
နေရာက ဘယ်ဗဟိုချက်မယ် ရှိမလဲ မခန့်မှန်းတတ်ပေ
ВЫ ЧИТАЕТЕ
Image of Heart (Season 2)
Фанфикေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်