{for umicode}
"ဟေ့ရောင်...ငါ နောက်ဖေးခနသွားအုံးမယ်"
"မင်းကစောက်လုပ်ကိုရှုပ်တယ် မြန်မြန်သွား"
"အေးပါ..."
လက်ထဲကသောက်လက်စဆေးလိပ်ကို
ဘေးကိုလွှင့်ပစ်လိုက်ပြီး ထထွက်လာသည်Toilet ထဲမှာ အပေါ့သွားနေတဲ့သူက
လေလေးတချွန်ချွန်နှင့်..."ဟိုကောင်ကလဲ ကြာလိုက်တာ..."
ကျန်ခဲ့တဲ့လူက မျက်မှောင်ကြုတ်ကာတပြစ်တောက်
ညည်းသွားပြီး ကြည့်လက်စ ဖုန်းထဲမှ vedio ကို
အာရုံစိုက်ကာပြန်ကြည့်နေသည်..."ဘာနံ့လဲ..."
သူပြောကာ တရှုံ့ရှုံ့နှင့်အနံ့ခံနေသည်
အနောက်ကိုလှည့်ကြည့်မိတော့ ခုနက
ထွက်သွားတုန်း ပစ်ခဲ့တဲ့ ယောကျာ်းသားရဲ့
ဆေးပေါလိပ်တိုလေးကမီးမသေသေးပဲ
မြက်ခြောက်တွေကို တစစလောင်နေခြင်းဖြစ်သည်"အာ ဟိုကောင်ကတော့ ပေါ့ဆပြန်ပြီ ဆေးလိပ်မီးကိုဘလိုပစ်သွားလဲမသိဘူး..."
သူကထုံးစံအတိုင်း ပွစိပွစိအပြစ်ပြောကာ
ဘေးမှာရှိတဲ့ ရေသန့်ဗူးထဲမှရေတွေကို
ထိုအပေါ်သို့လောင်းကာမီးသတ်သည်"ဝုန်း..."
"အမလေး..."
ဖြစ်ချင်တော့ သူယူပြီးလောင်းလိုက်မိတာ ရေပုလင်းမဟုတ်ပဲ အရက်ထည့်ထားသောပုလင်း
ဖြစ်နေခဲ့သည် မီးတွေကတဖြေးဖြေးနဲ့များလာပြီး
အိမ်ကိုပါကူးနေပြီဖြစ်သည်"ဟာမဖြစ်ဘူး ဘလိုလုပ်ရမလဲ ရေ ရေ ရေလဲမရှိဘူး"
သူရေးကြီးသုတ်ပြာပြောနေတုန်း အပေါ့သွားတဲ့
ယောကျာ်းသားက ပြန်ရောက်လာပြီး
ဖြစ်ပျက်နေတဲ့မြင်ကွင်းကိုကြည့်ကာ
မျက်လုံးပြူးသွားသည်..."ဟာ ဟေ့ရောင်ဘလိုဖြစ်ပြီး မီးလောင်နေတာလဲ"
"မင်းကြောင့်လေ မင်းပစ်ခဲ့တဲ့ ဆေးလိပ်မီးကြောင့်"
"ဟာ ဒါဆို ငါတို့ဘလိုလုပ်ရမလဲ မီးကတော်တော်များနေပြီ"
"လာ ငါတို့ အထဲကမိန်းမကို သွားခေါ်မှာဖြစ်မယ်"
YOU ARE READING
Image of Heart (Season 2)
Fanfictionေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်