36 💔

1K 114 7
                                    

{for unicode}

ခေါင်းငိုက်စိုက်ကျနေတဲ့သူက ပင်ပန်းလွန်းလို့
ငိုပင်မငိုနိုင်တော့ပါ min ah မှာလဲနောက်ကနေ
ကြည့်ရင်း နာကျင်နေရသည်

အခုမှပဲ မြင်နိုင်ခဲ့တာ သူနဲ့သူမတို့ရဲ့ကြားက
ချစ်ခြင်းမေတ္တာက ထင်တာထက်ပိုကြီးမားနေခဲ့သည်ကိုပင်ဖြစ်သည်

အစကတော့ သူနဲ့အတူထွက်သွားပြီး အချိန်တစ်ခုရောက်ရင် သူလဲ ပျော်ရွှင်လာရမယ်လို့ထင်မိခဲ့တာ
အခုတော့ထင်ထားတာတွေကို လုံးဝမဖြစ်နိုင်မှန်း
ပြိုလဲနေတဲ့သူ့ကိုကြည့်ရင်းသိခဲ့ရသည်

"အဟင်းဟင်း..."

အနောက်ဘက်နားက ရီသံသေးသေးလေးကြောင့်
ငိုက်စိုက်ကျနေတဲ့ခေါင်းကို အသာမော့ကာ
နောက်သို့လည်ကြည့်လိုက်သည်

min ah ကိုသူ့ကိုကြည့်ရင်းပြုံးနေပြန်သေးသည်
သူ့ဆီကခပ်စိမ်းစိမ်းအကြည့်တွေကြောင့်
min ah ကအရင်အကြည့်လွှဲကာ သက်ပြင်းဖွဖွချသည်

"မိန်းမ ချင်းတူတာတောင် တို့ကအရွေးမခံရတဲ့မိန်းမ"

သူက min ah ရဲ့စကားကိုနားမလည်သလိုကြည့်သည် ထိုအခါ သူ့ရှေ့ကနာကျင်နေဟန်ရှိတဲ့
အမျိုးသမီးတစ်ယောက်က အောက်နှုတ်ခမ်းကို
အသာကိုက်ရင်း မျက်ရည်ဥတွေကိုအတင်းကာရော
တားဆီနေသည်

"ရိပ်ကို တို့စတွေ့တော့ ထူးဆန်းတယ်လို့ခံစားရတယ်
တို့ရဲ့အစစ်အမှန်ဆိုတဲ့အရာတွေကိုပဲ နူးနူးညံ့ညံ့လေးခံစားခဲ့ရတာ တို့လိုမိန်းမကလေ ရိပ်ကိုမှတအားချစ်မိသွားတာ"

မျက်ဝန်းအိမ်တွေမှာ အပြည့်နေရာယူနေခဲ့တဲ့
အရည်ကြည်တွေက အခုတော့ပြည့်လျှံကာပြိုကျလာပြီ ကိုက်ထားတဲ့နှုတ်ခမ်းကို လွှတ်ရင်း ခေါင်းကိုငုံ့ချကာ မျက်ရည်တွေကိုအသည်းအသန်ဖွက်နေသည်
သူတို့ကြားမှာ ခနမျှတော့တိတ်ဆိတ်သွားသည်

"တို့ဘဝမှာ ကောင်မလေးတစ်ယောက်ပိုင်ဆိုင်ချင်တဲ့ထိမိုက်ရူးရဲဆန်ဆန်ချစ်မိမယ်လို့မထင်ထားဘူး ပြီးတော့အာ့ဒိမိန်းကလေးကအိမ်ထောင်သည်ဖြစ်နေတာတောင် လိုက်ကပ်တွယ်ရမယ်လို့ တစ်ခါမှမမျှော်လင့်ခဲ့ဘူး"

Image of Heart (Season 2)Donde viven las historias. Descúbrelo ahora