24 💔

893 124 10
                                    

{for unicode}

"ဟင်..."

သူ့ရဲ့ အံသြမင်သက်နေပုံကိုကြည့်ကာ
သူမပါ လက်ထဲမှအရာကိုသေချာကြည့်မိလိုက်သည်

လက်စွပ်ငယ်လေးတစ်ခု တလတ်လတ်တောက်ပနေပုံက ချစ်စရာလေးပင်

သူမကြည့်နေတုန်းမှာပဲ သူက လက်စွပ်ကိုသေချာကြည့်ရင်း တစ်စုံတစ်ခုကိုရေရွတ်သည်

"CJ's baby..."

သူ့အသံကြောင့် သူမ မျက်ဝန်းတွေက တစ်ခုခုကိုအဖြေရှာနေသယောင်...

Burmese"ဟုတ်တယ် ရိပ်ကလေး ဒီလက်စွပ်လေးက မေမေတို့ ရိပ်ကလေးကိုခေါ်လာတုန်းက
ပါလာခဲ့တဲ့တစ်ခုတည်းသောအရာပဲ သမီးရဲ့လက်သေးသေးလေးမှာ အာ့လက်စွပ်လေးရှိနေမှန်း
မေမေတို့အိမ်ပြန်ရောက်မှသိခဲ့ရတာ..."

ဒေါ်ခင်သက်ထား ကအတိတ်ကိုပြန်တွေးကာ
ယောင်ယောင်လေးပြုံးသည်

Burmese"ညတစ်ညမှာပေါ့ မေမေတို့ လက်ထပ်ပြီး တစ်နှစ်ကျော်ကျော်လောက်ရှိမယ်...ကိုရဲ့ အလုပ်ကိစ္စအတွက် မေမေတို့ korea ကိုခနသွားခဲ့ကြတယ် သူ့ရဲ့မိတ်ဆွေတွေနဲ့ဆွေးနွေးနေတာနဲ့ အပြန်နောက်ကျခဲ့တာ အာ့တာက သမီးလေးကို မေမေတို့နဲ့တွေ့စေခဲ့တာပဲ"

ဒေါ်ခင်သက်ထား ကပါးပြင်ကမျက်ရည်တွေကို
လက်မနဲ့အသာပွတ်ဆွဲသည်...

သူကတော့ ဒေါ်ခင်သက်ထားပြောသမျှကိုငြိမ်ကာ
မျက်ရည်အဝိုင်းသားနဲ့ နားထောင်နေသည်

ဘေးတွင်တော့ သူမကလက်ကလေးကိုဆုပ်ကိုင်ထားပေးသည်

Burmese"အာ့တုန်းက ညနက်နေတော့ လူလဲပြတ်နေပြီမရှိသလောက်ပဲ မေမေတို့ ကားမောင်လာတုန်း တံတားတစ်ခုအရောက်မှာ လူတစ်ယောက်က ကလေးလေးတစ်ယောက်ကိုမြှောက်ချီထားတယ် ပြီးတော့ တံတားရဲ့အပေါ်ကိုကျော်ပြီး ကလေးကိုပစ်ချဖို့လုပ်နေတာ အာ့အချိန်မှာမေမေတို့ ကားမီးရောင်ကြောင့် သူကခနတန့်သွားတယ်လေ မေမေတို့လဲ မြန်မြန်ဆင်းပြီး သူ့လက်ထဲက ကလေးကိုလုပြီးမေးမြန်းကြည့်တော့ ဒီကလေးကို သူ့မိဘတွေက စွန့်ပစ်ခိုင်းလို့ဆိုပဲ...မေမေဖြင့်ရင်တွေနာလိုက်ရတာကွယ်..."

သူ့မျက်နှာက ဖြူဖျော့သွားသည်....
မိဘတွေရဲ့စွန့်ပစ်ခြင်းခံရတဲ့ကလေးတစ်ယောက်ရဲ့
ခံစားချက်ကို ခံစားဖူးသူသာလျှင်သိလိမ့်မည်

Image of Heart (Season 2)Wo Geschichten leben. Entdecke jetzt