{For zawgyi }
အခုဆို ကျောင်းတက်တဲ့ပထမနှစ်ဝက်
စာမေးပွဲကိုတောင်နီးကပ်လာပြီစာမေးပွဲအတွက် ကျောင်းသား/သူ တွေက
ကြိုးစားပြီး စာလုပ်နေကြသည်ပိုင်နိုင်နေတဲ့သူတွေကတော့ revision ပြန်ရင်း
အေးဆေးစွာစောင့်နေကြသလိုမပိုင်နိုင်သေးတဲ့သူတွေကလည်း စိုးရိမ်ကြီးစွာ
အသည်းသန်လုပ်နေကြရသည်ထိုအထဲတွင် suzy,jane နဲ့ဆောင်းတို့လည်း
အပါအဝင်ဖြစ်သည်...
ညနေကျောင်းဆင်းတိုင်း ဆောင်းတို့အခန်းကို
လိုက္ကာ စာစုလုပ်ကြလေ့ရှိသည်
စာလုပ်သည်ထက် စကားများကြတာဆို
ပိုမှန်ပေလိမ့်မည် jane ကေတာ့ အမြဲတမ်း
စာအုပ်တွေနဲ့ မျက်နှာအပ်နေတဲ့ လရိပ္ကို
ငေးကြည့်ရခြင်းအလုပ်တစ်ခုပါ ပိုနေခဲ့သည်အချိန်ကြာလာတာနဲ့အမျှ သူမရဲ့ခံစားချက်တွေကသေချာလာခဲ့ပြီ
သူ့အပေါ် ချစ်မြတ်နိုးနေမိကြောင်းကိုတော့
မကြာသေးခင်ကမှ သူမကိုယ်တိုင်
လက်ခံမိခဲ့သည်...သူကေတာ့ မသိချင်ယောင်
ဆောင်နေတုန်းပဲ...သူမရဲ့အမူအရာတွေက
သူသိစေဖို့များ မလုံလောက်နေခဲ့လို့လားသူတို့နှစ်ယောက်ကို အျမဲ စေနာက္ကာ
လှော်ပေးနေတဲ့ suzy နဲ့ဆောင်းတို့တောင်
ရိပ်မိနိုင်ကြသေးတာပဲ သူ မသိဘူးဆိုတာ
ဖြစ်နိုင်ပါ့မလား...ဒါမှမဟုတ် သိနေရဲ့နဲ့
ဟန်ဆောင်နေတာလား သူက jane ကိုမချစ်ခဲ့လို့လား...အိပ်မက်တွေထဲမှာတော့ သူမကိုသိပ်ချစ်ခဲ့ပုံပါ
စာစုလုပ်ပြီးလို့ ပြန်ကြတဲ့အခါတိုင်း
ဆောင်းသင်ပေးတဲ့ တစ်ခုတည်းသော
မြန်မာစကားကိုသူမအမြဲပြောမိသည်Burmese: "<ငါနင့်ကိုချစ်တယ်>လရိပ်"
ထိုသို့ပြောတိုင်း သူကေတာ့ အေနခက်သလို
ဖြစ်သွားတတ်ပြီး ဟိုနှစ်ယောက်ကတော့
ရီနေတတ်သည် ဘာကြောင့်လဲ ဆိုတာ
သူမ အခုထိမသိသေးသလို သိဖို့လဲမကြိုးစားခဲ့အေးခဲနေတဲ့ နှင်းစက်တွေကြားမှာ
သူမ အတွေးလွန်နေတုန်း နွေးထွေးမှုတစ်ခုကို
ခံစားလိုက်ရသည် သတိဝင်မှကြည့်ကြည့်တော့
ကိုယ်ပေါ်ကိုလွှမ်းထားတဲ့ ခပ်ကြီးကြီး
Long coat တစ်ထည်နဲ့အတူ
သူ့ရဲ့အပြုံးခပ်နွေးနွေးတစ်ပွင့်...
BINABASA MO ANG
Image of Heart (Season 2)
Fanfictionရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ် ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်