{for unicode}
အရှေ့မှာ ရစ်သီရစ်သီဖြစ်နေတဲ့ လူတစ်ယောက်ကြောင့် company ကလူတွေ တီးတိုးပြောဆိုနေကြသည် ခနအကြာမှာတော့ ဝတ်စုံအပြည့်လူငါးယောက်လောက်ထွက်လာကြကာ ထိုလူ့ကိုဝိုင်းလိုက်သည်
"ကျေးဇူးပြုပြီး ဒီကအမြန်ထွက်သွားပေးပါ"
ဝတ်စုံနက်နဲ့လူတွေထဲမှ ခေါင်းဆောင်ဖြစ်ဟန်
တစ်ယောက်က ပြောလိုက်သည်
ထိုလူကမျက်မှောင်ကိုကြုတ်ကာ စူးစူးရဲရဲ ကြည့်သည်...ဝတ်စုံနက်နဲ့လူတွေကလည်း
တိုက်ခိုက်လာသည်ရှိသော်ကာကွယ်ရန်အသင့်
ပြင်ထားကြသည်..."ငါ...unnie နဲ့တွေ့ချင်တာ "
"အာ့ဒိလူ ဒီမှာမရှိပါဘူး အခု ထွက်သွားပေးပါ"
"ဘာလို့မရှိရမှာလဲ ငါရအောင်တွေ့မယ်"
အတင်းသွားရန်ပြင်နေတဲ့သူ့ကို တားကာ
ပြန်ဆွဲခေါ်ကာ တွန်းထုတ်လိုက်ကြသည်"ဒီမှာ ငါ့ကိုဘသူများမှတ်နေကြလဲ"
"ကျုပ်တို့စိတ်မဝင်စားပါဘူး အခုမထွက်သွားရင် ဆွဲထုတ်ရပါလိမ့်မယ်"
သူက စိတ်ပျက်သလိုကြည့်ကာ လက်ညိုးထိုပြီး
အရှေ့ကိုတိုးလာသည်"ဒါက ငါ့ company ပြီးတော့ kim jisoo ဆိုတဲ့ unnie ကငါ့အမျိုးသမီးပဲ အခု unnie ကိုသွားခေါ်လိုက်..."
"ဟေ့ရောင်တွေဆွဲထုတ်သွားလိုက်ကြ..."
ပြောပြီးလှည့်ထွက်သွားတဲ့ ထိုခေါင်းဆောင်ကို
chae မျက်လုံးပြူးကြည့်ကာ အံကြိတ်လိုက်သည်
အော်ဟစ်ပြီးနောက်ကလိုက်မယ်ပြင်တော့
ကျန်တဲ့သူတွေကဝိုင်းဆွဲထားသည်"ya ငါ့ကိုလွှတ် unnie ကိုခေါ်ပေးလို့ပြောနေတယ်
ya လွှတ်စမ်း"ဝေးရာကိုရောက်တော့မှ မြေပြင်ပေါ်ပစ်ချခြင်းကို
ခံလိုက်ရသည်..."အ..."
"မြန်မြန်ထွက်သွား အာ...နံစော်နေတာပဲ ငါ့uniform ကိုလဲမှဖြစ်တော့မယ်"
နှာခေါင်းရှုံ့ကာထွက်သွားကြတဲ့လူတွေကို
chae နာကျည်းစွာကြည့်လိုက်သည်"shit ...မင်းတို့တနေ့ကြရင် ငါနဲ့တွေ့မယ်..."
သူဆဲရေးပြီး ခြေဦးတည့်ရာပဲထွက်လာလိုက်သည်
လမ်းတလျှောက်လူတွေကတော့ သူ့ကို
ရွံရှာဖွယ်ဝိုင်းကြည့်နေကြသည်
.
.
.
.
YOU ARE READING
Image of Heart (Season 2)
Fanfictionေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်