{for unicode}
ဘာလိုလိုနှင့် သူတို့တွေကျောင်းတောင်ပြီးတော့မယ်
နောက်ဆုံးစာမေးပွဲကလဲ မကြာခင်တွင်ဖြေဆိုရတော့မည်ဖြစ်သည် ဒါပြီးရင်တော့ ကိုယ့်ရှေ့ရေးအတွက်လုပ်စရာရှိတာလုပ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြရတော့မည်..."darling"
"ရှင့်"
သူမ ခေါ်လိုက်တာကို သူကညင်သာစွာပြန်ထူးရင်း
နဖူးပေါ်ကဆံပင်တွေကို သပ်တင်ပေးလိုက်သည်"စာမေးပွဲတောင်ဖြေရတော့မယ်နော်"
သူမ ကဝမ်းနည်းပူဆွေးနေသလိုမျက်နှာလေးနှင့်
ဘာကို ခံစားနေရလဲဆိုတာ သူရိပ်မိပါသည်"ဟင့် ဟင့် အီး...ဟီး..."
ရုတ်တရက် ထငိုလာတဲ့ သူမကြောင့် ထိန်လန့်သွားရသူက သူဖြစ်ပေတော့သည်
"ဟင် ဘာလို့လဲ honey ရဲ့ မငိုနဲ့တော့နော်..."
"ငိုမှာပဲ ဗြဲ...."
ငိုနေတဲ့ကလေးကို ချော့လိုက်ရင် ပိုငိုသလို
သူမမှာလဲ ပိုမိုကာငိုကြွေးရင်း သူ့ကိုရန်တွေ့နေသေးသည်"ဘာဖြစ်လို့လဲ ရိပ်ကိုပြောပါအုံးနော်"
ပါးပြင်ကမျက်ရည်စက်တွေကို ဖွဖွသုတ်ပေးရင်း
မေးတော့ နှာခေါင်းတရှုံ့ရှုံ့နဲ့ သူမက နှုတ်ခမ်းထော်ကာ မော့ကြည့်လာသည်"ကျောင်းပြီရင် ရှင်က ပြန်တော့မှာလေ ကျွန်မကို တစ်ယောက်တည်းထားခဲ့တော့မှာမလား"
"ရော်...ဘယ်သူကပြောလို့လဲ ထားခဲ့ပါမယ်လို့"
"ဟုတ်တယ် ထားခဲ့မှာ မြန်မာကိုပြန်တော့မှာမလား အာ့ကြရင် ကျွန်မက တစ်ယောက်တည်းကျန်ခဲ့တော့မှာပေါ့"
သူမရဲ့ကလေးဆန်စွာပြုမူနေတဲ့အပေါ် အူယားလွန်းစွာသူရီနေမိသည်
"အဟင်းဟင်း honey ကအရမ်းချစ်ဖို့ကောင်းတာပဲ"
"သိတယ် ချစ်ဖို့ကောင်းမှန်း"
ဟောကြည့်...ကွန်ဖီးဒန့်စ် လယ်ဗယ်လ်ကလဲဆိုးဟိုက်နေတာ
"ရိပ် မြန်မာပြန်မှာတော့ဟုတ်တယ် ဒါပေမယ့်..."
YOU ARE READING
Image of Heart (Season 2)
Fanfictionေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်