4 💔

1.2K 149 16
                                    

{For zawgyi}

ကျောင်းရှေ့မှာစောင့်နေတဲ့ သူမ လက်ထဲမှာ
မနက်အစောကြီးထဲက ကိုယ်တိုင်ထပြီး
ကြိုးကြိုးစားစားလုပ်ခဲ့တဲ့ pan cake ဗူးလေးက
နေရာယူလျက်...

သူမကိုကျော်ပြီး ကျောင်းထဲကိုဝင်သွားကြတဲ့
ကျောင်းသား ကျောင်းသူတွေသာ
တစ်ယောက်ပြီးတစ်ယောက် ရှိလာတယ်
မျှော်နေတဲ့သူလေးကတော့ အခုထိ
အရိပ်ယောင်တောင်မမြင်ရသေး

သူမကိုယ်တိုင်လဲဘာလို့ရပ်စောင့်နေမိလဲ
ဆိုတာမတွေးတတ်သလို ဘာကြောင့်
ဆိုတာကိုလဲအဖြေမရှာချင်ပါ

လောလောဆယ်သူမ သိတာတစ်ခုပဲရှိသည်
ထိုအရာကတော့ သူမကိုယ်တိုင်ပြုလုပ်လာတဲ့
Pan cake လေးကို သူစားဖို့သာ...

သိပ်မကြာလိုက်ခင်မှာပဲ သူမမျှော်နေခဲ့တဲ့
သူက တခြားကောင်မလေးတစ်ယောက်
ပြောနေတဲ့စကားတွေကို ပြုံးပြုံးလေးနားထောင်ကာ သူမရှိရာဆီကို
လျှောက်လှမ်းလို့လာနေပြီ
ထိုခနမှာအရာရာဟာသိမ်မွေ့နူးညံ့သွားသလို
ရှေ့မှာမြင်နေရတဲ့ မြင်ကွင်းကသိပ်ကို
လှပလွန်းနေတယ်...နှုတ်ခမ်းပါးတို့က
အလိုအလျောက်တွန့်ကွေးနေပြန်တယ်

"ဟယ် jane ပါလား ဘာရပ်လုပ်နေတာလဲ"

နီးနီးကပ်ကပ်မြင်နေရချိန်ထိ သူမရဲ့အကြည့်တွေကိုမလွှဲခဲ့ပါ

"လရိပ်တို့ကိုစောင့်နေတာ..."

ပြုံးပြုံးလေးနဲ့သူမက ဆောင်းရဲ့အမေးကို
သူ့ကိုပြုံးကြည့်နေရာမှပဲ ပြန်ဖြေလိုက်တော့
သူ့မျက်ဝန်းလေးတွေက အနည်းငယ်လှုပ်ရှားသွားသည်

"Oh jane... လရိပ်နာမည်ကိုခေါ်တာတော်တော်ပီတယ်နော်"

အနည်းငယ်နေရခက်နေသလိုဖြစ်သွားတဲ့
သူ့အမူအရာကိုရိပ်မိလိုက်တာကြောင့်
အကြည့်တွေကိုဖယ်ရှားလိုက်ပြီး
ဆောင်းကိုကြည့်ကာဖြင့်

"ဟုတ်လား ဒီတိုင်းပဲပြောလိုက်တာ"

ခပ်ပြုံးပြုံးသူမစကားကို ဆောင်းကခေါင်းညိတ်ကာဖြင့်

"တကယ်ကြီးပီတာ နည်းနည်းလေးဝဲနေတာကပိုတောင်နားထောင်ကောင်းနေသေးတယ်.. နော်...လရိပ်"

Image of Heart (Season 2)Donde viven las historias. Descúbrelo ahora