အပိုင်း ၆ ကင်မ်?

3.5K 316 28
                                    

ZG

မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ကျနော် ရင်းနှီးသော မျက်နှာကျက်နှင့် အခန်းကို တွေ့လိုက်ရသည်

ဒါ ဂျောင်လေးရဲ့ အခန်း မဟုတ်ဘူးလား??

ကျနော်က ဘာလို့ ဂျောင်လေး အခန်းထဲ ရောက်နေတာများလဲ

လက်​ဖျံမှ ခိုးလိုးခုလု ခံစားချက်ကြောင့် ငုံ့ကြည့်လိုက်တော့ ကျနော့်လက်မှ တဆင့် သွယ်ထားသော ဆေးပိုက်

အော် ကျနော် အားနည်းပြီး သတိမေ့သွားခဲ့သည်ပဲ

ပျော့ညံ့လိုက်တဲ့ ကျနော်ပါလား..ဒီအိမ်ထဲကတောင် လွတ်အောင် ထွက်မသွားနိုင်ခဲ့ဘူး

ခု ရောက်နေတာကလဲ ဂျောင်လေး အခန်းမှာတဲ့လား အဖွားမြင်ရင်တော့ ကျနော့်ကို ပြဿနာ ရှာတော့မှာ အသေအချာပင်

ဆေးပိုက်ကို လှမ်းကြည့်လိုက်တော့ ဆေးလဲ ကုန်နေဟန်ရှိတာမို့ ပိုက်ဖြုတ်ပြီး ထရန်အလုပ် ပွင့်လာသော အခန်းတံခါး

အင်း အဖွား မဟုတ်ရင် ဖေဖေပဲ နေပါလိမ့်မယ်

ကျနော်တော့ အပြစ်တွေ တခုပြီး တခုကို ကျူးလွန်မိနေပါရောလား

သို့ပေမယ့် ဝင်လာသူက ဖေဖေကော အဖွားကော မဟုတ်သည့် သူစိမ်းတဦးပင်

"သတိရနေပြီပဲ"

အို သူက ကျနော်ကို ထိန်းထားပေးခဲ့တဲ့ စူးရှရှ မျက်ဝန်းပိုင်ရှင်ပါလား

ဖေဖေ့ရဲ့ ဧည့်သည်ဖြစ်ဟန်တူပါသည် ကျေးဇူးတင်စကားပြောရမှာပေါ့

"ဟုတ်ကဲ့..ကျနော်--"

ကျနော့် အနားရောက်လာသော သူ့ကို ကျေးဇူးတင်စကား မပြောခင်မှာပင် ထိုသူက ကျနော့်အား သူ၏ရင်ခွင်နွေးနွေးထဲသို့ ဆွဲသွင်းလိုက်လေသည်

"ကို နှလုံးခုန်တွေတောင် ရပ်သွားပြီ ထင်နေတာ ဂျောင်လေးရဲ့. ကို့ကို ဒီလို ပုံစံနဲ့ ကြိုရလား"

ဂျောင်လေး??

အနှီလူသားဟာ ကျနော့်ကို သေချာမကြည့်ပဲ ဂျောင်လေးလို့ ထင်နေပုံပါပဲ ဟူး ခက်ရချည်သေးရဲ့

"ဟိုလေ အားနာပေမယ့် ကျနော် ဂျောင်လေး မ---"

"သား ထယ်ဟျောင်း ရောက်နေတာပဲ"

Second Choice ✔Where stories live. Discover now