အပိုင်း ၄ မျှော်လင့်မထားသော ပြဿနာ

3.5K 326 13
                                    

ZG

7 years later

အချိန်ကာလအားဖြင့် ၇နှစ်တာကြာမြင့်ပြီးနောက် ဂျောင်လေးနှင့် ကျနော် မတူညီသောပုံစံဖြင့် အရွယ်ရောက်လာခဲ့ကြသည်

နှစ်ယောက်ယှဉ်လိုက်လျှင် စာပိုလုပ်သူက
ကျ​နော်ဖြစ်ခဲ့သော်ငြားလည်း ဖေဖေ့ ကုမ္ပဏီကိစ္စဆိုသည်ကို စိတ်ဝင်စားမှု တစိုးတစိကလေးမှ မရှိခဲ့တာကြောင့် လွတ်လွတ်ကင်းကင်း ပညာရပ်တခုနှင့် အလုပ်အကိုင်ကိုသာ ရွေးချယ်ခဲ့သည်

ဖေဖေတို့လောင်းရိပ်အောက်ကလဲ အနည်းငယ်လွတ်မြောက်ပြီး ကိုယ်တိုင်ကလည်း နဂိုတည်းက ကလေးချစ်တတ်သူမို့ မူကြိုဆရာ အလုပ်က အတော်ကလေးကို ကိုက်ညီသည်ဟုလဲ ထင်မိပါသည်

ဂျောင်လေးကတော့ ဘွဲ့ရပြီးကတည်းက ဖေဖေ့အနားမှာနေပြီး လုပ်ငန်းပိုင်းဆိုင်ရာတွေကို သင်ယူရသည်တဲ့

ကိုယ်စီအလုပ်အကိုင်နှင့်ဖြစ်နေပြီး စိတ်အတက်အကျမြန်သော ဆယ်ကျော်သက် အရွယ်လေးတွေလဲ မဟုတ်တော့တာကြောင့် ဂျောင်လေးနှင့် ကျနော့် ဆက်ဆံရေး ပို အဆင်ပြေလာမည် ထင်ခဲ့သော်လည်း မထူးမခြားနားဖြင့် ပို၍တောင် ဆိုးလာသယောင်ပင်

ဒီတိုင်းသာဆို တသက်လုံးတောင် ပြေလည်နိုင်ပါ့မလားနော်

ဂျောင်လေးဟာ လုပ်ငန်းခွင်ဝင်ပြီး ဖေဖေနားမှာ အလုပ်လုပ်နေရပေမယ့် ဆယ်ကျော်သက်အရွယ်က အကျင့်အတိုင်း ဘာမှ ပြောင်းလဲခြင်းမရှိ

အပျော်အပါးမက်ပြီး ပေါ့ပေါ့လေးနေတတ်သူက အခု ဖေဖေ့ အလုပ်မှာ စည်းတွေဘောင်တွေနဲ့ နေရတာ အဆင်ရော ပြေပါ့မလားလို့တောင် စိုးရိမ်မိသည်ပင်

ကျနော်က သူ့အတွက် စိတ်ပူမိသော်လည်း ဂျောင်လေးကတော့ ကျနော့်ဘဝကို ဖေဖေတို့နှင့် ထူးမခြားနားပင် စိတ်ဝင်စားမှု အလျင်းရှိပုံ မပေါ်

ယုတ်စွအဆုံး ကျနော် ခုချိန် လက်ထပ်လိုက်ရင်တောင် သိမည့်ပုံ မပေါ်ပါ

သို့ပေမယ့်လဲ လက်ထပ်ရလောက်အောင်ထိ ရည်ရွယ်ထားသောသူ မပြောနှင့် ချစ်သူတောင် မထားဖူးသေးသော ကျနော်ရယ်ပါ

Second Choice ✔Where stories live. Discover now