ZG
မျက်လုံးများပွင့်လာလေတော့ ဘေးနားမှ လစ်ဟာနေသည့် ခံစားချက်ကြောင့် ထူးဆန်းစွာ နိုးထလာရလေသည်
ညက အချိန်အတန်ကြာအောင် ချစ်ခဲ့ကြသည်မို့ ပင်ပန်းသည့်အရှိန်ကြောင့် ကူးငယ်က အိပ်ရာထနောက်ကျလိမ့်မည် ထင်ခဲ့သော်လည်း နေရာလွတ်နှင့် ဦးစွာတွေ့ဆုံ ရသည်မို့ အံ့အားသင့်ရသည်
တဆက်တည်းတွင် နေရာလွတ်၏ ခြေရင်း၌ ကျနစွာထုတ်ပေးထားသည့် အဝတ်အစားတို့ကို မြင်လေတော့ သဘောကျစွာ ပြုံးမိပြန်သည်
"ကူးငယ်ကတော့လေ. အစောကြီး ဘယ်သွားတာလဲမသိ"
ရေချိုးသန့်စင်ခြင်း မပြုရသေးသည်မို့ bathrobeကိုသာ ထပ်ဝတ်လိုက်ပြီး ကူးငယ်ရှာပုံတော် အရင်ဖွင့်ရတော့သည်
မီးဖိုခန်းသို့ရောက်လေတော့ ရင်းနှီးသည့် ကျောပြင်ငယ်က ကြိုဆို၍ နေလေသည်. ကော်ဖီဖျော်နေသည်ထင်ပါရဲ့ ကော်ဖီနံ့က မီးဖိုခန်းအတွင်း သင်း၍နေသည်
ခြေသံမထွက်အောင်လျှောက်၍ ခါးမှ ခပ်ဖွဖွဖက်မိလေတော့ ပုံမှန်အချိန်ကဲ့သို့ ထိတ်လန့်သွားဟန်ပင် မရှိပဲ ရယ်သွမ်းလေသည်. အသားကျနေလို့ထင်ပါရဲ့
"နိုးနေပြီလား. အရမ်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်ထင်လို့ မနှိုးလိုက်တော့တာ"
"ကူးငယ်ကရော ဘာလို့ အစောကြီး ထလာတာလဲ. ညကပင်ပန်းထားတဲ့ဟာကို"
ကျနော့်စကားအဆုံး ဟက်ခနဲအသက်ထွက်သည်အထိ ရယ်လိုက်သည်က ကူးငယ်နှင့်ပင် မတူ. ဒီယုန်ပေါက်လေး ကျနော့်ကို စိတ်ကောက်နေတာများလား
"ကူးငယ် ဟုတ်လား?"
"အမ်"
အဖြစ်အပျက်တို့သည် သိပ်ကို မြန်ဆန်လွန်းလေသည်. ကျနော်ပွေ့ဖက်ထားသည့် လက်တို့ကို ဖြုတ်ချကာ ကျနော့်ဘက်သို့လှည့်၍ နှုတ်ခမ်းတို့ကို ထပ်တူကျစေသည့် ကူးငယ်က တကယ့်ကို အခြားတယောက်လိုပင်
ဒါ့အပြင် အနမ်းတို့သည်လည်း ခါတိုင်းနှင့်မတူပဲ ခံစားချက်က ထူးဆန်း၍နေလေသည်.
ထူးဆန်းသည့်ခံစားချက်ကြီးကြောင့် ကျနော့်ဘက်မှ စ၍ အနမ်းတို့ကို ရပ်တန့်စေလေတော့ ကျနော့်အားကြည့်လေသည့် မျက်ဝန်းတို့က အဓိပပြါယဖွောရွခကသွညွ့ မျက်ဝန်းတို့ပင် ဖြစ်လေသည်
YOU ARE READING
Second Choice ✔
Romansဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... ဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... Taehyung x Jungkook Start: 28/08/21 End: 28/08/22 Disclaimer: this fiction is based on author's imagin...