အပိုင်း ၈ နောက်ဆုတ်ရန် ခက်ခဲနေလေပြီ

2.7K 279 50
                                    

ZG

"အခုလိုပြောတာ အရမ်းလောတယ် ထင်ရပေမယ့်လေ ကျနော် ဂျောင်လေးနဲ့ လက်ထပ်ပါရစေ အန်ကယ်. ခွင့်ပြုပေးလို့ ရမလားမသိဘူးဗျ"

"ကင်မ်!"

"ဘာလို့လဲ ဂျောင်လေးကလည်း. ခုနလေးတင် ခေါင်းငြိမ့်ထားတာကို"

ကျနော်တော့ ဘုမသိ ဘမသိ ခေါင်းငြိမ့်မိတာ မှားပြီကိုး

"သေချာ ပြန်စဉ်းစားပါဦး သားရယ် မလောလွန်းဘူးလား"

အဖွားက အံ့အားသင့်နေရာမှ အလိုက်သင့်လေး ပြန်ထိန်းကာ ကင်မ့်ကို ဖြောင်းဖျလေသည်

"တကယ်တော့ ကျနော် ပညာတော်သင်မသွားခင်ကတည်းက ပြန်လာတာနဲ့ ဂျောင်လေးကို တင့်တောင်တင့်တယ် လက်ထပ်ဖို့ ကတိပေးထားခဲ့တာပါ.ဒါပေမယ့် အလုပ်ကိစ္စတွေကြောင့် တနှစ်တောင် နောက်ကျသွားခဲ့တာမို့ စောင့်ခိုင်းမိခဲ့တဲ့ ဂျောင်လေးကို အခုထိ အားနာနေခဲ့တာပါ အဖွား. ဒီ့ထက်ပိုပြီး အချိန်မဆွဲချင်တာမို့ ကျနော်တို့ကို ခွင့်ပြုပေးလို့ မရဘူးလား အဖွားရယ်"

"အဖွားက မင်းတို့ကို သဘောတူပြီးသားပါ. ဒါပေမယ့် အိမ်ထောင်တခုထူထောင်ဖို့တော့ စောလွန်းသေးသလားလို့ပါ"

"စောလွန်းတယ်ထင်ရပေမယ့် ကျနော် ဂျောင်လေးကို မိဘအိမ်မှာ နေတဲ့အတိုင်း မျက်နှာတချက်မညှိုးအောင် ထားပါ့မယ်လို့ အာမခံနိုင်ပါတယ်. ၂ဦး၂ဖက်လဲ အကြာကြီး မေတ္တာမျှခဲ့ကြတာမို့ အခုချိန်က အိမ်ထောင်တခုထူထောင်ဖို့ အသင့်တော်ဆုံးလို့ ခံစားမိလို့ပါ "

"ရပါတယ် ကင်မ်ရဲ့ ကျနော်က စောင့်နိုင်ပါတယ်. နောက်မှ အေးဆေးလက်ထပ်လဲရတာပဲကို"

ခုပဲ ခေါင်းငြှိမ့် ခုပဲ ငြင်းဆန်ရင်လဲ မကောင်းတာမို့ ကျနော်လဲ သင့်တော်သလိုသာ ထိန်းပြောလိုက်တော့သည်

"ဟင့်အင်း..ကိုကပဲ ဂျောင်လေးကို စောင့်ခိုင်းခဲ့တာများပြီလေ. ဒီတခါတော့ ကို့ကတိကို တည်ပါရစေ"

ဒီလူနဲ့တော့ ခက်တော့တာပါပဲ

ကင့်မ်ကို တားလို့ရမည့်ဟန်မပေါ်တာကြောင့် အဖွားကလည်း နှုတ်ဆိတ်သွားလေသည်

Second Choice ✔Where stories live. Discover now