အပိုင်း ၂၁ ပင်လယ်နှင့် တူသော အချစ်

3.1K 254 50
                                    

ZG

မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က ညိုညိုစိုစိုဖြင့် အဝတ်မဲ့နေသော ကင်မ်ရင်ခွင်ကျယ်ဖြစ်လေတော့ ရုတ်တရက် မျက်နှာတခုလုံး ပူတက်လာရသည်

ကိုယ့်ဘာသာ ပြန်ကြည့်တော့လည်း ကင်မ်နှင့် ထူးမခြားနားသည့် အခြေအနေမို့ အသိစိတ်ကပ်ရန် ကြိုးစားကြည့်မိလေတော့ ညက အကြောင်းအရာများက မှတ်တမ်းတင်ထားသကဲ့သို့ပင် အာရုံထဲတွင် တခုချင်းမှတ်မိလာသောအခါ မျက်နှာတခုလုံး ထားစရာနေရာပင် မရှိတော့ပေ

ကျနော် ဘယ်လို သတ္တိတွေနဲ့များ လုပ်လိုက်မိတာပါလိမ့်.. ရှက်လို့သေတော့မှာပဲ

ကင်မ့်ကို ကြည့်မိတော့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေဆဲပင်

ကင်မ် မနိုးခင် မြန်မြန် ထမှပါ..မဟုတ်ရင် ပိုပြီး ရှက်နေရမှာမဟုတ်လား

ခါးတွေသိုင်းဖက်ထားသော ကင်မ့်လက်တို့ကို အသာလေး ဖယ်ကာ ထရန်ကြိုးစားမိလေတော့ အောက်ပိုင်းတနေရာက စူးခနဲ နာကျင်မှုကြောင့် ပြန်လှဲချမိသည်အထိ

မကောင်းတဲ့လူကြီး..ပထမဆုံးပါဆို..အတင်းကာရောတွေပဲ

ဘာတဲ့..ကို ညင်သာပါ့မယ်တဲ့..အလကား လျှောက်ပြောတာတွေ

ထ၍လဲ မရသည်ကြောင့် ရင်ခွင်ကျယ်အတွင်းသို့ ပို၍ တိုးဝင်ကာ မျက်နှာချောချောကိုသာ ငေးကြည့်နေမိတော့သည်

*ချစ်တယ် ဂျောင်ဂု*
*ယှဉ်ပြီးရွေးချယ်ရဖို့ ဖြစ်လာရင်တောင် မင်းကိုပဲ ရွေးချယ်မယ်*

ထိုစကားလေးနှစ်ခွန်းအား ပြန်ကြားမိလေတိုင်း ရင်ထဲ နွေးထွေးရသည်မို့ နှစ်နှစ်ကာကာ ပြုံးမိလေသည်

ရှေ့ဆက်ပြီး ဘာတွေဖြစ်မယ်မသိပေမယ့် ဒီလောက်ဆို အရာရာကို ရင်ဆိုင်ဖို့ ကျနော့်မှာ သတ္တိတွေ ရှိလာပါပြီ ကင်မ်

"ထလို့မရရင်လဲ ပြန်အိပ်လေကွာ ယုန်ပေါက်လေး"

"ဟင် နိုးနေတာလား ကင်မ်က"

"အင်း ကူးငယ် မနိုးခင်ကတည်းက"

တဦးတယောက်ကမျှ မခေါ်ဖူးသေးသည့် ကူးငယ်ဆိုသည့် အသုံးအနှုန်းလေးကြောင့် နှလုံးသားလေးကား အစိုးမရ

Second Choice ✔Where stories live. Discover now