အပိုင်း ၃၁ Miracle

2.8K 242 110
                                    

ZG

"ေဂ်ာင္ဂု"

"ဟုတ်ကဲ့ ဆရာကြီး ခိုင်းစရာရှိလို့လားဗျ"

"ဧည့်သည်ရောက်နေတယ်ကွယ်. သွားတွေ့လိုက်ပါဦး"

"ဗျာ.. ကျနော် အတန်းဝင်ပေးစရာ ရှိသေးတာ.. ဘယ်လိုလုပ်ရမလဲ"

"နောက်နေ့မှ အစားဝင်ရင်လည်း ဝင်လိုက်တော့. အရေးကြီးဧည့်သည်ဖြစ်ပုံပေါ်တယ်. လူကြီးတယောက်ဆိုတော့"

"အာ.. ဟုတ်ကဲ့ ဆရာကြီး. ဒါဖြင့်ရင် ကျနော် နက်ဖြန် နှစ်ချိန်ဆက်ဝင်ပေးပါ့မယ်နော်"

လူကြီးတယောက်ဆိုသည့်နောက် စိုးရိမ်စိတ်တို့ တိုးလာသော ကျနော်။ အိမ်နှင့် အဆက်အသွယ်မရှိတော့သည်မှာ ၅လနီးပါးပင်ရှိပြီမို့ အဖွားများလား.. ကင်မ့်မေမေများလား စသဖြင့် အတွေးပေါင်းစုံဖြင့် ပစ္စည်းသိမ်းဆည်းရင်း ပစ္စည်းများသိမ်းဆည်းကာ အပြင်သို့ ထွက်လာမိသည်။ သို့သော်လည်း စောင့်ကျပ်နေသည့်သူက ခန့်မှန်းထားသည်နှင့် ခြားနားစွာ..

"ဖေဖေ..."

.
.
.

ကျနော်ဘယ်မှာ အလုပ်လုပ်နေမှန်းတောင် စိတ်မဝင်စားသည့်သူမို့ ကျနော့်အား လာတွေ့သူဟာ ဖေဖေဖြစ်လိမ့်မည်ဟုတော့ မထင်ခဲ့မိတာ အမှန်ပင်။ ဒါ့အပြင် အလုပ်လောဘကြီးသူလည်း ဖြစ်သည်ကြောင့် တော်ရုံ အလုပ်ပျက်မခံတတ်သော ဖေဖေက တကူးတကဖြင့် ကျောင်းကို လာလေသည်ဆိုတော့ ပိုကာ အံ့အားသင့်ရသည်

သေချာသည်ကတော့ ကျနော်တို့ ပြဿနာများနှင့် ပတ်သက်၍ ပြောမည့်ပုံမို့ ကျောင်းအနီးရှိ ကော်ဖီဆိုင်တစ်ခုသို့ ရောက်လာခဲ့ပါတော့သည်

ဆိုင်အတွင်းထိုင်ကာ အတော်ကြာသည်အထိ ဖေဖေကော ကျနော့်ဘက်ကကော စကားမစခဲ့။ ပွင့်လင်းစွာ ဝန်ခံရလျှင် ဖေဖေ့မျက်လုံးကိုပင် သေချာမကြည့်ရဲခဲ့ပါလေ

"စကားပြောဖို့တော့ လက်ခံသေးတာပဲ. မွှန်ပြီးတော့ မိသားစုကိုတောင် ပစ်သွားပြီထင်နေတာ. သမက်ကင်မ် အဲ့ မှားလို့ မင်းအကောင်လိုမျိုးလေ"

"အဲ့လိုမပြောပါနဲ့ ဖေဖေ.."

"ဒါကျ နာတတ်တယ်ပေါ့လေ။ မိသားစုကို အဆက်ဖြတ်ထားရတာကျ နေသာတယ်ပေါ့။ ကျေးဇူးကန်းတဲ့ကောင်"

Second Choice ✔Where stories live. Discover now