ZG
နိုးနိုးချင်းမှာပင် အာရုံထဲတိုးဝင်လာသော အနံ့သင်းသင်းလေးကြောင့် မျက်လုံးမဖွင့်ခင်ပင် ပြုံးလိုက်မိသည်
ကနေဒါမှာ ကျောင်းတက်တုန်းက မနက်တိုင်း အဆောင်အောက်က ပေါင်မုန့်ဆိုင်လေးမှ ရနေကျ ရနံ့လေးနဲ့ပင်တူပါရဲ့
အလုပ်သွားရန် ပြင်ဆင်ရမည်ဖြစ်သော်လည်း ထိုအနံ့လေးနောက်ကို ကောက်ကောက်ပါအောင် လိုက်မိလေရာ မိမိ မီးဖိုခန်းမှ ဖြစ်နေလေသည်
မီးဖိုခန်းထဲ ဝေ့ကြည့်မိလေတော့ အပြုံးချိုချိုလေးဖြင့် မုန့်ဖုတ်စက်ထဲမှ ပေါင်မုန့်များကို ထုတ်ကြည့်ကာ ကျေနပ်နေလေဟန်ရှိသော ဂျောင်ဂုကိုတွေ့ရသည်
ကျနော် လုံးဝမရိပ်မိခဲ့တာလဲ မပြောနဲ့လေ တကယ့်ကို ကျနော့်အချစ်နဲ့ တပုံစံတည်းတူသော ကောင်လေးပါပဲ..
မျက်ဝန်းအကြည့်များက ဂျောင်လေးထက် အနည်းငယ်ပိုနူးညံ့သယောင်ရှိသော်လည်း အမြွှာရှိကြောင်းမသိသည့် သူအဖို့ အမှန်ပင် ဂျောင်လေးဟုသာ ထင်စေနိုင်လောက်သည်ထိကို တထေရာတည်း တူသော မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားလေသည်
"ဟင် ကင်မ်---အဲ ထယ်ဟျောင်းရှိ နိုးနေပြီလား? အစောကြီးပဲနော် ဒီနေ့"
ရုတ်တရက် ပြောင်းသွားသည့် အခေါ်အဝေါ်ကြီးကြောင့် စိတ်ထဲတစ်မျိုးပင် ဖြစ်သွားရတော့သည်
"အင်း. ပေါင်မုန့်အနံ့ကြောင့် နိုးသွားတာ. ဒါနဲ့ ဘယ်လိုကြီးခေါ်လိုက်တာလဲ အခု"
"အခု ကျနော့်ဘဝအမှန်ကိုလည်း သိနေပြီမို့ ဂျောင်လေးခေါ်နေကျ ကင်မ်လို့ သုံးနှုန်းလိုက်ရင် အနေရခက်မှာစိုးလို့ပါ"
"ဟာ မဟုတ်တာ ဒီတိုင်း အသားကျနေတဲ့ ကင်မ်လို့ပဲ ဆက်ခေါ်လဲရပါတယ်. ထယ်ဟျောင်းရှိဆိုတာကြီးက နားထောင်ရတာ တမျိုးကြီး"
"တကယ်ကြီးခေါ်လို့ ဖြစ်ရဲ့လား"
"ဖြစ်ပါတယ်. မဟုတ်တဲ့ အသုံးအနှုန်းတွေ သုံးနှုန်းနေတာလဲမဟုတ်. ဂျောင်လေးလဲ နားလည်ပေးမှာပါ နဂိုတည်းက စိတ်ထားပြည့်တဲ့သူမို့"
ရုတ်တရက် ဂျောင်ဂုမျက်နှာတွင် အဓိပ္ပါယ်မဖော်နိုင်သော မျက်နှာထားတခု ပေါ်လာသည်ကို တွေ့လိုက်ရသော်လည်း ထွေထွေထူးထူး မမေးမိတော့ပဲ စကားလမ်းကြောင်း ပြောင်းလိုက်မိသည်
YOU ARE READING
Second Choice ✔
Romansaဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... ဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... Taehyung x Jungkook Start: 28/08/21 End: 28/08/22 Disclaimer: this fiction is based on author's imagin...