ZG
Seoul ဆေးရုံကြီး၏ စင်္ကြံတစ်လျှောက် ပြေးလွှားနေသည့် ဖိနပ်သံတို့က ဆူညံလျက်...
ကားတိုက်မှုဖြင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရထားသည့် လူနာနှင့် လမစေ့ဘဲ ခွဲစိတ်မွေးဖွားရတော့မည့် အမြွှာကိုယ်ဝန်ဆောင် အမျိုးသားလူနာတို့ကြောင့် ခွဲစိတ်ခန်းတို့ တည်ရှိရာ ဆေးရုံ တတိယထပ်သည် ရုတ်ရုတ်သဲသဲဖြစ်ကာနေလေသည်။
ခွဲစိတ်ခန်းရှေ့တွင် ရတက်မအေးစွာ စောင့်နေသူကတော့ ဥက္ကဋ္ဌဂျွန်ပင်။
သားတစ်ယောက်က အရေးပေါ်ခန်းတွင် အသက်လုနေရပြီး ထိုအခြေအနေများကို ဖြစ်ပေါ်စေခဲ့သူက နောက်ထပ် သားတစ်ယောက် ဖြစ်နေသည့် အခြေအနေတွင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်မှာ အပြစ်တင်၍တော့ မရပါလေ။
လွန်ခဲ့သော တစ်နာရီခန့်က သားကြီးဖြစ်သူ ဂျောင်လေးထံမှ တုန်ယင်သော လေသံဖြင့် ဆက်သွယ်လာလေတော့ စိတ်များလေးလေးလံလံဖြင့် ချက်ချင်းပင် လိုက်သွားခဲ့တာ။ ထိုနေရာကို ရောက်တော့ ကြိုဆိုနေသည့် မြင်ကွင်းက ဥက္ကဋ္ဌဂျွန်အား သွေးပျက်စေလေသည်။
သားမက်ဖြစ်သူက သွေးအိုင်ထဲတွင် မေ့မြောကာနေပြီး ကိုယ်ဝန်အရင့်အမာနှင့် သားငယ်က သတိရတချက် မရတချက်ဖြင့် နာကျင်စွာ ငြီးငြူရင်း ငိုရှိုက်ကာနေသည်။ အောက်ပိုင်းတွင်လည်း သွေးနီနီတို့ အိုင်ထွန်းနေသည်ကြောင့် ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် ကောင်းသော လက္ခဏာ မဟုတ်ကြောင်းကို ကျိန်းသေ သိပါသည်။
ခပ်လှမ်းလှမ်းရှိ ကားရှေ့တွင် ဒူးထောက်ကာ ယူကျုံးမရ ငိုကြွေးနေသူကတော့ ရှိသမျှ မေတ္တာများ ပုံအောပေးခဲ့ဖူးသော သားကြီးပင်။ အခြေအနေကို မြင်ရုံဖြင့် အဖြစ်အပျက်ကို ရိပ်စားမိသည်ကြောင့် လက်ဖျားခြေဖျားများပင် အေးစက်လာတော့သည်။ 'ကျနော် အမှားကြီး လုပ်မိပြီ' ဟု ဆက်သွယ်လာသော သားကြီးသည် သည်လောက်ထိ ဆိုးရွားသည့် အပြစ်ကို ကျူးလွန်ခဲ့မည်ဟုတော့ မထင်ခဲ့တာ အမှန်ပါလေ။
ပထမဆုံးပါပဲ...အမြဲတမ်း ဦးစားပေးခဲ့သည့် သားကြီးကိုတောင် လျစ်လျူရှုမိသည်အထိ သားငယ်ဖြစ်သူအတွက် စိုးရိမ်စိတ်တို့ အလိပ်လိုက် တက်လာခဲ့တာ...
YOU ARE READING
Second Choice ✔
عاطفيةဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... ဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... Taehyung x Jungkook Start: 28/08/21 End: 28/08/22 Disclaimer: this fiction is based on author's imagin...