အပိုင်း ၁၀ မင်္ဂလာဦး

3.3K 277 70
                                    

ZG

မင်္ဂလာပွဲအပြီးတွင် အဖွားက ကျနော်နှင့်စကားပြောရန်ဟူသော ဆင်ခြေဖြင့် ကင်မ်တို့နှင့်ဝေးရာသို့ ဆွဲခေါ်လာခဲ့သည်

"အခုက ငါ့မျက်စိအောက်မှာမရှိတော့ဘူးဆိုပြီး လုပ်ချင်တိုင်း လုပ်ဖို့မစဉ်းစားနဲ့နော်. ဂျောင်လေး ပြန်မလာမချင်း အဖြစ်မှန်ပေါ်သွားလို့ မဖြစ်ဘူးဆိုတာ သိတယ်မလား"

ဒါပေမယ့် ဂျောင်လေးက ပြန်မလာခဲ့ရင်ကော အဖွား? တသက်လုံး ဂျွန်ဂျောင်အုအဖြစ်နဲ့ နေသွားရတော့မှာလား?

"ဒီမှာ နင့်အတွက် ဖုန်း. ဟိုအဟောင်းကတော့ နင့်အဖေဆီမှာပဲ. ဟိုကဆက် ဒီကဆက်ဆို ဇယားတွေရှုပ်မှာစိုးလို့"

အဖွားတို့ကတော့ ကျနော့်ဘဝကို ခြယ်လှယ်ချင်တိုင်းကို ခြယ်လှယ်နေတော့တာပါလား

"ဒါပဲမလား အဖွား...ကျနော်သွားလို့ရပြီလား"

"နေဦး အရေးကြီး ကိစ္စကျန်သေးတယ်"

"ပြောပါ အဖွား"

"နင် ထယ်ဟျောင်းကို လုံးဝ ချစ်မိသွားလို့မရဘူးနော်. သူက နင့်ခဲအိုဖြစ်မယ့်လူဆိုတာ သိတယ်မလား"

"စိတ်မပူပါနဲ့အဖွား. ဟန်ဆောင်ခဲ့တာကော လက်ထပ်ဖို့ စီစဉ်ခဲ့တာကော ကျနော့်သဘောတခုမှ မပါခဲ့တာမို့ အဲ့ဒီလူကို ချစ်လာဖို့လဲ မဖြစ်နိုင်ပါဘူး"

"အဲ့ဒါဆိုလဲပြီးတာပဲ. နင့်အစ်ကိုရဲ့ ချစ်သူမို့ ရှုပ်ရှုပ်ရှပ်ရှပ်တွေ ငါမကြားချင်ဘူး".

ဒီဇာတ်ရှုပ်ထဲကို ပါဝင်စေသူက အဖွားတို့ကိုယ်တိုင်ပဲကို ခုမှ ဘာတွေကိုများ ဒီလောက်စိုးရိမ်နေကြတာလဲဟင်

"အချိန်တန်လို့ ဂျောင်လေး သူ့​နေရာသူပြန်လာခဲ့ရင် ကျနော်က ဖယ်ပေးဖို့ အဆင်သင့်ပဲမို့ စိတ်မပူပါနဲ့ အဖွား. ကျနော်က ပိုတောင်မလုပ်ချင်ခဲ့တာကို အဖွားတို့ပဲ အတင်းအကျပ်စေခိုင်းခဲ့တာ မဟုတ်လား"

"တော်လိုက်တော့. ဒီနေရာမှာ နင်နဲ့ စကားနိုင်မလုချင်ဘူး. ထယ်ဟျောင်းတို့စောင့်နေလောက်ပြီ သွားမယ်"

ကျနော်လဲ သက်ပြင်းရှည်တခုသာချကာ ကင်မ်တို့ရှိရာသို့ ပြန်မိသည်

Second Choice ✔Where stories live. Discover now