အပိုင်း ၅ နောက်ဆက်တွဲ ပြဿနာများ

3.2K 326 30
                                    

ZG

ဂျောင်လေးနောက် ပြေးလိုက်ခဲ့တုန်းက ခြေလှမ်းတွေ သွက်ခဲ့သလောက် အိမ်ပြန်ခရီးမှာတော့ ခြေလှမ်းတွေ တုံ့ဆိုင်းနေခဲ့သည်

ဖေဖေနဲ့ အဖွားက ဂျောင်လေးကို ဒီလောက် ချစ်တာ

အိမ်ကနေ မပြောမဆို ထွက်သွားတာသာသိရငိ အရူးမီးဝိုင်းတော့ ဖြစ်ကုန်တော့မှာပဲ

ခြေလှမ်းများလေးလေးလံလံဖြင့် အရုဏ်တက်ချိန်မှသာ အိမ်သို့ ပြန်ရောက်လာခဲ့သည်

အဖွားနိုးမနေပါစေနဲ့လို့ ဆု​တောင်းခဲ့ပေမယ့် ခြံရှေ့မှာ ပြာယာခတ်နေသော အဖွားကို ခပ်လှမ်းလှမ်းကနေ မြင်လိုက်ရသည်

အော် ကျနော့် ဆုတောင်း မပြည့်ခဲ့ပါလားနော်

"ကူးလေး"

ကူးလေးတဲ့လား

ပုံမှန်ဆိုရင်တော့ အဖွားဆီက ကူးလေးဆိုတဲ့ အသုံးအနှုန်းကို ကြားရရင် ဝမ်းသာမှာပေမယ့် ဒီတခါတော့ လက်ဖျားခြေဖျားတွေပါ အေးစက်လာသလိုပဲ

"အ-အဖွား"

"ဂျောင်လေး မရှိတော့လို့..အခု အဲ့ဒါ ဂျောင်လေးကို သွားရှာလာတာမလားဟင်. ဂျောင်လေးကို တွေ့ခဲ့ရဲ့လား ကူးလေးရယ်"

"ဟို-ဟို..."

ဂျောင်လေးက အထုပ်တွေပါဆွဲပြီး အိမ်ပေါ်က ဆင်းသွားသည်ဆိုတာကို ကျနော် ဘယ်လိုများပြောပြရပါ့မလဲ

"ကူးလေး..ဖြေဦးလေ..အဖွားရင်တွေပူလှပြီ..မင်းအစ်ကိုကို ရှာတွေ့ခဲ့ရဲ့လား"

အဖွားကို အမှန်အတိုင်းပဲ ပြောပြရမလား ဖုံးကွယ်ထားရမလားဆိုတာကို အတော်​လေးစိတ်ဒုက္ခဖြစ်မိပါသည်

ဂျောင်လေးကို သွားရှာခဲ့တာ မဟုတ်ပါဘူးဆိုပြီး ညာလိုက်ရင်လည်း လူတယောက်လုံး ပျောက်သွားတာတောင် နေနိုင်လိုက်တာဆိုပြီး အပြစ်တင်ခံရဦးမှာမလို့ အမှန်အတိုင်းပြောလိုက်တာပဲ ကောင်းမည်လားပဲ

"ဟိုလေ...တွေ့ခဲ့ပေမယ့်...ဂျောင်လေးက ပြန်မလိုက်နိုင်ဘူးဆိုပြီး ငြင်းလွှတ်လိုက်တာပါ အဖွား"

"ဘာ?!"

"တကယ်ပါ အဖွား...ကျနော် ကားမှတ်တိုင်ထိကို လိုက်သွားခဲ့တာပါ"

Second Choice ✔Where stories live. Discover now