အပိုင်း ၂၂ နွေးထွေးလေသော

2.7K 253 77
                                    

ZG

ကျနော်နှင့် ကင်မ့် ဆက်ဆံရေးက တဆင့်တက်ပြီးကတည်းက အရင်ကအတိုင်း စိုစိုပြေပြေပြန်၍ ဖြစ်လာတော့သည်

အခန်းလည်း ခွဲမအိပ်ဖြစ်တော့ဘဲ မင်္ဂလာဆောင်ပြီးကတည်းက နှစ်ဦးသား သုံးခဲ့သည့် အခန်းကိုသာ ပြန်လည် ပြောင်းရွှေ့ခဲ့တော့သည်

ကျနော်တို့ နှစ်ဦးကြားတွင်လည်း စနိုးစနောင့် ဖြစ်စရာမျိုးမရှိတော့သည်ကြောင့် တနေ့ထက်တနေ့ ကြင်နာခြင်းများ ပို၍ မျှဝေကာ နေခဲ့ကြသည်

"ကူးငယ်"

"ဗျ"

"ကို့ကို necktieစည်းပေးမယ် မဟုတ်လား"

မေးခွန်း၏ အဆုံးတွင်တော့ ပြုံးစစနှင့် အနားသို့ သွားမိကာ

"ဒါပေါ့ ကင်မ်ရဲ့. ခဏလေး ဒီအရောင်က ဒီနေ့ ဝတ်စုံနဲ့ မလိုက်ဘူးလေ. ကျနော်ရွေးပေးမယ်"

ကင်မ့်လက်ထဲမှ အနီရောင် necktieအား လွှဲယူကာ အသားရောင် suitနှင့် လိုက်ဖက်မည့် necktieတခုအား ရှာဖွေမိတော့သည်

"တွေ့ပြီ. ကင်မ့် dress codeက အသားရောင်ဆိုတော့ ဒီအရောင်လေးနဲ့ဆို လိုက်မှာ"

အညိုဖျော့ရောင် necktieလေးကို မျက်နှာရှေ့တွင် ဝေ့ယမ်းကာ အပြုံးချိုချိုတို့ဖြင့် necktie စည်းပေးခြင်းအလုပ်ကို စတင်လေသည်

ကင်မ်ကလည်း ထုံးစံအတိုင်း ကျနော့်ခါးကို အလိုက်သင့် တိုးဖက်လိုက်ကာ ခပ်ပြုံးပြုံးဖြင့် စိုက်ကြည့်၍ နေလေသည်

သည်လိုကျတော့ honeymoonက ပြန်လာခါစက necktieစည်းပေးရင်း စနိုးစနောင့်ဖြစ်ခဲ့ရတဲ့ နေ့တွေကို ပြန်သတိရမိပါရဲ့

ကင်မ်ကလည်း ကျနော်နှင့် အတွေးတူနေဟန်တူပါသည် ပြုံးစစဖြင့်

"ခုလိုကျ ကိုတို့က ကြင်စဦးတွေနဲ့တောင် တူနေသေးတယ်"

"ဟုတ်ပါရဲ့"

မပြောမဆိုဖြင့် ပါးမို့မို့လေးအား ရွတ်ခနဲနေအောင် အနမ်းပေးလေတော့ သဘောကျစွာ ရယ်မိသည်

ကင်မ်က ခုချိန်ထိ အနမ်းသူခိုးလေးပဲ

"သိလား ကင်မ်. အဲ့တုန်းက ကင်မ်က တကယ် လူလည်ကြီး".

Second Choice ✔Where stories live. Discover now