အပိုင်း ၁၉ ဖွင့်ဟဝန်ခံခြင်း

3.4K 302 102
                                    

ZG

မျက်နှာပေါ်သို့ ကျရောက်လာသော နေရောင်ခပ်ပျပျကြောင့် အိပ်မက်ကမ္ဘာမှ နိုးထလာရတော့သည်

"နွေးလိုက်တာ. သိပ်နွေးထွေးတာပဲ"

အသိစိတ်တဖြည်းဖြည်းဝင်လာချိန်တွင် ခံစားမိသည်က ကျနော့်အား တင်းကျပ်စွာ ပွေ့ဖက်ထားသော လက်တစုံ

ကျနော့်နားသယ်စပ်မှ ဝင်လေထွက်လေ ခပ်နွေးနွေးနှင့် နားရွက်နှင့်ထိကပ်နေသော နှုတ်ခမ်းနွေးနွေး

ထို့အပြင် ကျနော့် နောက်ကျောနှင့်ထိကပ်နေလေသော ရင်ခွင်ကျယ်တခု

"ကင်မ်..?"

ရုတ်တရက်မျက်နှာတို့ပါ ရဲတက်လာရတော့သည် ကျနော်က ဘယ်လိုလုပ်ပြီး ကင်မ့်ရင်ခွင်ထဲ ရောက်နေရတာများလဲ??

ကင်မ်မနိုးအောင် ဖြေးဖြေးလေး တဖက်သို့လှည့်ကာ ကင့်မ်မျက်နှာအား စေ့စေ့ပေါက်ပေါက် ကြည့်မိလေတော့...

မျက်ခုံးကောင်းကောင်း မျက်တောင်ရှည်ရှည် နှာတံချွန်ချွန် ကကြီးပုံနှုတ်ခမ်းဖြင့် ကင်မ်က သိပ်ကိုကြည့်ကောင်းနေတောတာပဲ

နောက်ဆိုရင် မနက်တိုင်း ကင့်မ်မျက်နှာချောချောကို အနီးကပ်ကြည့်ခွင့်ရမယ့် ဂျောင်လေးက ကံကောင်းလိုက်တာနော်...

သတိမထားမိခင်မှာပင် ကျနော့် လက်ချောင်းတို့က ကင်မ့်
ကကြီးပုံ နှုတ်ခမ်းပေါ်သို့ ကျရောက်ကာ ဖွဖွလေး တို့ထိမိလေသည်

ဒီနှုတ်ခမ်းတစုံပေါ့..

ကျနော့်ရဲ့ ပထမဆုံး အနမ်းကို ရယူသွားခဲ့တာ

ဂျောင်လေးမဟုတ်မှန်းမသိခင်က ကျနော့်ကို မြတ်မြတ်နိုးနိုးဖြင့် အကြင်နာတွေ ပေးခဲ့တာ

တခါလောက်ကလေးပဲ ဒီနှုတ်ခမ်းတွေကို ထပ်ပြီး ခံစားခွင့်ရှိနိုင်မလား ကင်မ်?

ဦးနှောက်က တားမြစ်နေသော်ငြားလည်း နှလုံးသားကတော့ ဆန့်ကျင်စွာ ရှေ့တိုးရန်သာ လှုံ့ဆော်နေလေသည်

ကင်မ့်မျက်နှာချောချောအား အချိန်ကြာကြာ တမေ့တမောကြည့်နေရင်းမှ နှလုံးသား၏ ဆန္ဒကို လိုက်လျော၍ ကင်မ့်နှုတ်ခမ်းနွေးနွေးပေါ်သို့ ဖွဖွလေး ထိကပ်ကာ လွမ်းဆွတ်နေမိသော အထိအတွေ့ကို ခံစားမိလေရာ ဘယ်ဘက်ရင်အုံတွင်းမှ အကောင်ပေါက်ကလည်း အစိုးမရစွာ လှုပ်ရှားနေလေတော့သည်

Second Choice ✔Where stories live. Discover now