ZG
"CT scan အဖြေအရဆို ဦးခေါင်းပိုင်းမှာ ဘာပြဿနာမှ ရှိမနေပါဘူး။ မိသားစုတွေကိုလည်း မှတ်မိတယ်မဟုတ်လား။"
"ဟုတ်ပါတယ် ဒေါက်တာ။ ဒါပေမယ့် တော်တော်ရင်းနှီးခဲ့ဖူးတဲ့ လူတစ်ယောက်ကိုကျ လုံးလုံးလျားလျားကို မသိတော့တာကြောင့် ထူးဆန်းလို့ပါ"
မွေးမလာသေးသည့် ပဲစေ့လေးတို့က အစမှတ်မိနေသော်လည်း ချစ်သူဟောင်းဖြစ်သည့် ဂျောင်အုကို မေ့နေခဲ့သည်မှာ အမှန်ပင် အံ့အားသင့်ဖွယ်ဖြစ်သည်။ ဘယ်လိုပဲ ကြားဝင်ဟန်လုပ်ခဲ့သည်ပြောပြော နှစ်နှင့်ချီအောင် တွဲခဲ့ဖူးသည့် ချစ်သူဖြစ်ကြောင်းကတော့ အမှန်တရားပင် မဟုတ်လား။
"အဲ့ဒါကတော့ လူနာနဲ့ ဆိုင်လိမ့်မယ်ထင်တယ်။ ထိခိုက်မှုမဖြစ်ခင်မှာ အဲ့ဒီလူနဲ့ပတ်သက်ပြီး နာကျည်းချက်တစ်ခုခုရှိခဲ့တာမျိုးကြောင့် ဖြစ်နိုင်တယ်။ ဦးနှောက်က နာကျင်စရာမှတ်ဥာဏ်တွေကို ဖျောက်ပေးလိုက်သလိုပေါ့"
တဆက်တည်းမှာပင် ဂျောင်အုအား သနားမိသွားတော့သည်။ ချစ်ရသူထံမှ လုံးလုံးလျားလျား မေ့ဖျောက်ခံလိုက်ရသည်ဆိုသည့် ခံစားချက်က ဘယ်လောက်တောင် ဆိုးလိုက်လေမလဲ.. ကိုယ်တိုင်ဆိုလျှင်လည်း ဘယ်လိုမှ ဖြေဆည်နိုင်လောက်မည် မဟုတ်ပါ။ လူဆိုးလေး လုပ်ခဲ့တာ မှန်သော်ငြား ဒီလိုကျပြန်တော့လည်း သနားစဖွယ်ပါပင်။
"နောက်မှ တဖြည်းဖြည်း မှတ်မိလာအောင် မိသားစုဝင်တွေကလည်း ကူညီပေးရမယ်ထင်တယ်။ ဒါပေမယ့် ကာယကံရှင်အတွက် စိတ်ထိခိုက်လောက်စရာ မှတ်ဥာဏ်မျိုးဆိုရင်တော့ ဒီအတိုင်းထားလိုက်တာ ပိုကောင်းပါလိမ့်မယ်။ သတိပြန်လည်တာ မကြာသေးတာမို့ ခံစားချက် သိပ်ပြင်းထန်လွန်းရင် လူနာရဲ့ ကျန်းမာရေးအတွက် အဆင်မပြေနိုင်လို့ပါ။"
"ဟုတ်ကဲ့။ သိပါပြီ ဒေါက်တာ။"
တာဝန်ခံ ဆရာဝန်ကြီးနှင့် စကားပြောအပြီး ကင်မ့်အခန်းဆီသို့ ပြန်သည့်လမ်းတောက်လျှောက် အတွေးများရသည်။ ဂျောင်လေးအကြောင်း ပြောပြသင့် မပြောပြသင့်က အတွေးလွန်ဆွဲနေခြင်းကြောင့်ပင် ဖြစ်သည်။
YOU ARE READING
Second Choice ✔
Romanceဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... ဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... Taehyung x Jungkook Start: 28/08/21 End: 28/08/22 Disclaimer: this fiction is based on author's imagin...