ZG
သည်လိုနှင့် အချိန်ကာလတစ်ခုကြာ တိုင်ပင်ကြပြီးနောက် ဟိုဆော့တို့ စုံတွဲ၏ အိမ်သို့ ပြောင်းရွှေ့ရန်ဖြစ်လာခဲ့ကြသည်
မိသားစုနှင့် အဆက်အသွယ်ဖြတ်ခဲ့ရသော်လည်း အကူအညီပေးမည့် သူငယ်ချင်းကောင်းများရှိနေသည်က အတော်လေး ကျေးဇူးတင်စရာကောင်းသည့် ကောင်းချီးပင်ဖြစ်လေသည်
ဒီနေ့တွင် ဟိုဆော့တို့အိမ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ကြောင့် ကျနော်တို့ ပစ္စည်းများနေရာချ၍ အပြီး အောက်ဆင်းလာသည့်အခါ မီးဖိုချောင်နား မရောက်ခင်ပင် ဂျီမင်း၏ အသံစူးစူးလေးက ဆီးကြို၍နေလေသည်
"ကိုကိုရေ! မင့်ကို အာလူးလှီးပေးဦး!"
"ကိုကိုရေ! ကြက်သွန်မြိတ် ယူပေးပါဦး!"
"ကိုကိုရေ! ဒီအသားတွေ ရေဆေးပေးဦး!"ခပ်လှမ်းလှမ်းမှ အကဲခတ်နေရင်း ကိုကိုရေ အစချီကာ တာဝန်ပေးအပ်သော ဂျီမင်းကြောင့် ငရုတ်သီးကြက်သွန်ထောင်းသည်မှစ အသားငါးလှီးဖြတ်သည်အထိ တာဝန်ကျေနေသော ဟိုဆော့ကိုကြည့်ကာ ကြိတ်၍ ရယ်မိတော့သည်
လူပျိုဘဝက အင်မတန် လက်ကြောခြေကြောမတင်းသည့် လူက ခုကျတော့ သူ့အမျိုးသားလေး ချက်ပြုတ်ရန် အဆင်သင့်ပြင်ထားပေးသည်မို့ ဂျီမင်းက အသင့်ချက်ရုံကလွဲလို့ မပင်ပန်းပါလေ
အင်း ဒီစုံတွဲ လိုက်လဲ လိုက်ပါရဲ့
ထိုအချစ်ငှက်မောင်နှံ၏ ဘေးတွင်တော့ ကူးငယ်သည်လည်း ဟင်းအမယ်အချို့ကို ပြုလုပ်ရန် ပြင်ဆင်နေပြန်သည်။အိမ်ခန်းနေရာချခြင်းကို နောက်မှ လုပ်မည်ဆိုကာ ဦးစွာ အောက်ဆင်းသွားခြင်း၏ ရည်ရွယ်ချက်က ဒါကြောင့်ဖြစ်နေသည်ကိုး
"အို ဂျောင်ဂုရှီ ကူမလုပ်ပါနဲ့ဆို. ဒီနေ့ပဲ အိမ်ပြောင်းလာတာမို့ ပင်ပန်းနေမှာလေ"
"မဟုတ်တာ. ကျနော် မပင်ပန်းပါဘူး. ကျနော်ဖြစ်ဖြစ်ကူညီတော့ ဂျီမင်းရှီ နည်းနည်း ဝန်ပေါ့တာပေါ့"
"ရပါတယ် ဂျောင်ဂုရှီရဲ့ လိုတာရှိရင် ကိုကို့ကို ခိုင်းလိုက်မယ်. သွားသွားထိုင်နေ"
"အာ..ဟိုဆော့ရှီက ဆက်တိုက် လုပ်ပေးနေတာမို့ ကျနော်နဲ့ ဖြစ်ဖြစ် လူလဲပြီး ကူညီပေးမလားလို့လေ"
YOU ARE READING
Second Choice ✔
Romanceဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... ဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... Taehyung x Jungkook Start: 28/08/21 End: 28/08/22 Disclaimer: this fiction is based on author's imagin...