အပိုင်း ၁ မမျှတခြင်းများ

8.9K 498 38
                                    

ZG

သစ်ပင်လှလှတို့ဖြင့် အလှဆင်ထားသော ခြံဝန်းကျယ်ကျယ်ကြီးသည် မူလတန်းအရွယ်ကလေးတစုအတွက်တော့ ကစားလို့ကောင်းသည့်နေရာတခုကို ဖြစ်၍နေသည်

ကလေးတို့၏ မျက်နှာမှာလဲ အပြုံးပန်းကိုယ်စီနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားနေခဲ့ကြသည်

သိုပေမယ့် မလှမ်းမကမ်းက ဒန်းလေးပေါ်မှာတော့ ချစ်စဖွယ် ကလေးတယောက်သည် ညှိုးငယ်စွာ ထိုင်ရင်း ထိုကလေးငယ်တစုကို ငေးကြည့်နေလေသည်

*ဘာလို့ ငါနဲ့ မဆော့ချင်ရတာလဲ..သူတို့က*

*ဂျောင်လေးကိုတောင် ခင်ကြပြီး ဘာလို့ငါ့ကို မခင်ရတာလဲ*

"ဟျောင့် ဟိုက ယုန်ပေါက်!"

"ငါ့မှာနာမည်ရှိတယ် မခေါ်နဲ့အဲ့လို"

"ရှေ့သွားကလဲ ကြီးသေး မျက်လုံးကလဲ ဝိုင်းဝိုင်းနဲ့ဟာကို သူ့ကို ယုန်လို့ မခေါ်နဲ့က လုပ်သေးတာ. မင်းညီက တော်တော်ရယ်ရတာပဲ ဂျောင်လေး"

"ထားလိုက် သူက အဲ့လိုပဲ ပျော့စိစိနဲ့"

ထုံးစံအတိုင်း မိမိအား ကာကွယ်မပေးသည့်အပြင် မသိချင်ယောင်ပါဆောင်သွားသော အမြွှာအစ်ကိုကို မအံ့ဩမိသော်လည်း ဝမ်းနည်းမိတာတော့ အမှန်ပင်

ထိုအုပ်စုအား မသိကျိုးကျွံပြုကာ ကလေးငယ်လဲ ဆန့်ကျင်ဘက်ရှိ သစ်ပင်လှလှလေးများကိုသာ ငေးကြည့်နေလိုက်တော့သည်

သို့ပေမယ့် ထိုချစ်စဖွယ် ကလေးငယ်ကို အေးအေးဆေးဆေး မနေစေချင်သည်ပဲလား မရေရာသော အစ်ကိုဖြစ်သူ၏ သူငယ်ချင်း တစု

"ယုန်ပေါက်"

"မခေါ်ပါနဲ့ဆို"

"ဆော့မလား ငါတို့နဲ့"

ဆော့မလားဆိုသည့် စကားနောက်မှာ ကလေးပီပီ မျက်လုံးဝိုင်းဝိုင်းလေးတွေမှ အရောင်လေးပါ လက်သွားသော ထို ကလေးငယ်

မိမိအား အနိုင်ယူ ဟားတိုက်ဖို့ ခေါ်ခြင်းဖြစ်ကြောင်းတော့ မသိပုံပင်

"ဘာဆော့မှာလဲဟင်"

"ငါတို့နဲ့ လိုက်လာလေ အဲ့ဒါဆို သိရမှာပေါ့"

Second Choice ✔Where stories live. Discover now