အပိုင်း ၃၆ အချိန်လွန် နောင်တ ၂

2.9K 247 77
                                    

ZG

၅ရက်..

ပဲစေ့လေးတို့ လောကထဲဝင်ရောက်လာခဲ့သည်မှာ ၅ရက်ပြည့်တင်းပြီဖြစ်သလို ဒယ်ဒီနှင့် ပါပါးတို့ သတိမလည်လာသေးသည်မှာလည်း ၅ရက်ရှိလေပြီ။

၅ရက်ဆိုသည့်အချိန်ကာလသည် သာမန်လူအတွက် တိုတောင်းသည့် အချိန်ကာလဆိုသော်ငြား စောင့်ဆိုင်းရသူတို့အဖို့တော့ လနှင့်ချီ ကြာမြင့်သကဲ့သို့ ထင်ရလေသည်။ နာရီမိနစ်စက္ကန့်မလပ် ဘယ်အချိန်များ သတိရလာလိမ့်မည်လည်းဟု မျှော်ကိုးစောင့်ဆိုင်းရသည်မှာ စောင့်ဆိုင်းရသူတို့ပင် ပင်ပန်းစပြု၍ နေလေပြီ။

ထိုအထဲတွင် နမ်ဂျွန်းမှာလည်း တစ်ယောက် အပါအဝင်ဖြစ်လေသည်။

လူရှေ့တွင် သန်မာဟန်ပြခဲ့သော်လည်း အရေးပေါ်ခွဲစိတ်ခဲ့ရသည့်နေ့ကတည်းက ကိုယ့်ကိုယ်ကို အထပ်ထပ် အပြစ်တင်ခဲ့တာ။ ထိုကလေးငယ် မျက်နှာလေး ညှိုးလျှင်တောင် မနေတတ်ခဲ့တာ ခုလို ဆေးပိုက်တို့ သွယ်တန်းလျက် မေ့မျောနေမည့် အခြေအနေကို စိတ်တောင် ကူးမကြည့်ခဲ့ပါလေ။

ဖြူဖြူစင်စင်လေး မြတ်နိုးခဲ့သော ထိုအချစ်ဦးကလေးအား တခြားသူလက်ထဲ ထည့်ပေးရသည်ကြောင့် အစပိုင်းတွင် နောင်တရခဲ့သော်လည်း အချစ်ဦးလေး၏ ပိုင်ရှင်သည် သူ့ထက်ပင် အဆမတန် တာဝန်ကျေသည်ကြောင့် ပို၍ စိတ်ချခဲ့ရသည်။ ငယ်ငယ်ကတည်းက ကာကွယ်ပေးမည်ဖြစ်ကြောင်း အထပ်ထပ်ကတိပေးခဲ့သော သူကတော့ တကယ့် အခြေအနေကြီးတွေမှာ ဘယ်တုန်းကမှ ရှိမနေနိုင်ခဲ့တာ တာဝန်မကျေသလိုလည်း ခံစားရသည်မို့ ရင်နာရပါသည်။ ခုလည်း ထပ်တူညီစွာ ကာကွယ် မပေးနိုင်ခဲ့သည်လေ။

ယခုထိတိုင် သတိလည်မလာသေးသော ဖြူဖျော့ဖျော့ မျက်နှာငယ်လေးအား ကြည့်မိတိုင်း မျက်ရည်လည်ရသည်။ သနားစရာကောင်းခဲ့သော ထိုကလေးကိုပဲ အထပ်ထပ် ထိခိုက်နာကျင်စေသောသူများကိုလည်း စိတ်ပျက်လွန်းပြီး ဒေါသဖြစ်ရသည်။ သို့သော် ကိုယ်တိုင်က ဘေးလူဖြစ်နေသည်ကြောင့် ဝေဖန်အကြံပေးရုံကလွဲလျှင် မတတ်နိုင်၍ ပို၍ စိတ်ပျက်ရပါသည်။

"မြန်မြန်သတိရလာပါတော့ ကူးလေးရယ်.... ပဲစေ့လေးတို့ကော မင်းရဲ့ ကင်မ်ရောက စောင့်နေကြတာလေ... အနည်းဆုံးတော့ ကူးငယ်ဖြစ်ဖြစ် နိုးလာမှ မင်းရဲ့ ကင်မ်လည်း မြန်မြန် သတိရလာဖို့ အားရှိမှာပေါ့.. နောက်ပြီး ပါပါးကော ဒယ်ဒီကော ဒီလိုဖြစ်နေမယ်ဆို ပဲစေ့လေးတို့လည်း ဘယ်လောက် သနားစရာကောင်းလိုက်သလဲ"

Second Choice ✔Where stories live. Discover now