အပိုင်း ၃၃ ပြန်လည်ဆုံဆည်းခြင်း ၂

2.8K 232 60
                                    

ZG

မေမေနှင့် တွေ့ခဲ့ကြောင်းကို အကြောင်းစုံပြောပြမိတော့ နဂိုတည်းက ခံစားချက်နုနယ်သည့်အပြင် သွေးနုသားနုလည်း ဖြစ်နေသည်ကြောင့် ကူးငယ်တစ်ယောက် မျက်ရည်ပါ လည်လေသည်။

"အဲဒီတော့ ကျနော့်ကိုတင် မဟုတ်ပဲ ပဲစေ့လေးတို့ကိုပါ လက်ခံတယ်လို့ ပြောတာလား"

"ဟုတ်ပါတယ်ဆို ကူးငယ် အဲ့ဒီမေးခွန်းကို မေးတာ သုံးခါရှိပြီ"

"ကျနော်လေ.. ကျနော် ပျော်လိုက်တာ ကင်မ်ရယ်.. ပဲစေ့လေးတို့က အခုလည်း အများကြီး အချစ်ခံနေရပေမယ့် အဖိုးအဖွားတွေဆီက မေတ္တာပါ ရရင် ဘယ်လောက်ကောင်းမလဲလို့ လောဘကြီးမိတာ။ ခုတော့ ကျနော့် ဆန္ဒတွေ ပြည့်ဝသွားပြီပဲ"

"ဟုတ်ပါရဲ့ ကိုလည်း မျှော်လင့်ထားပေမယ့် အဲ့လောက် မြန်မြန်ကြီး အဆင်ပြေလိမ့်မယ်တော့ မတွေးထားခဲ့ဘူး။ တကယ်တော်ပါသေးရဲ့"

"နောက်အပတ်ကျ နေ့လည်စာစားရင်း တွေ့ဖို့ပြောတယ် အဲ့ဒါ အပြင်မှာတွေ့မလား အိမ်ကိုလာမလားတဲ့။ ဒါမှမဟုတ် ကူးငယ် ပင်ပန်းရင် ကိုတို့ ဒီကိုပဲ ဖိတ်လိုက်မလား"

"ကျနော်တို့ သွားရမှာပေါ့ ကင်မ်ရဲ့။ အိမ်ကို ဖိတ်ရင် ချက်ပြုတ်တာကို ကျနော်က အရင်ကလောက် အများကြီး မလုပ်နိုင်တော့ ဂျီမင်းကို သက်သက်ကြီး အားနာဖို့ကောင်းမယ်လေ"

"ဒါလည်း ဟုတ်တာပဲ ကိုတို့ပဲ သွားလိုက်ကြတာပေါ့"

"ပဲစေ့လေးတို့ရေ~ ဖိုးဖိုးဖွားဖွားတို့နဲ့ တွေ့ရတော့မယ် သိလား"

ဗိုက်လုံးလေးအား အသာပွတ်သပ်ရင်း ပြောလေတော့ အထဲမှ လှုပ်ရှားမှုလေးကြောင့် ကူးငယ်ရော ကျနော်ပါ သဘောကျစွာ ပြုံးမိသည်။

ပဲစေ့လေးတို့က လွန်ခဲ့သည့် သုံးရက်လောက်ကတည်းက စ၍ လှုပ်ရှားမှုပြုကာ တစ်ဆင့်တက် ဖွံ့ဖြိုးနေပြီ ဖြစ်သည်။ တခါတရံ ကန်ကျောက်ခြင်းဖြင့် တမျိုး ခြေရာလက်ရာ သေးသေးလေးများ ထင်စေခြင်းဖြင့် တမျိုး ကျန်းမာစွာ ကြီးပြင်းနေကြောင်းကိုလည်း အသိပေးသည်။ အထူးသဖြင့် အခုလို ခပ်ဖွဖွ ပွတ်သပ်ပေးသည့် အချိန်မျိုးတွင် ပို၍ လှုပ်ရှားတတ်သည်။ မွေးလာလျှင်လည်း သိပ်ကို လက်ကြိုက်မယ် ထင်ပါရဲ့။

Second Choice ✔Where stories live. Discover now