အပိုင်း ၃၄ ဒေါသစိတ်၏ အလွန်

2.9K 243 53
                                    

ZG

သည်လိုနှင့် ကြင်နာနွေးထွေးမှုတို့ဖြင့် ပျိုးထောင်လာသော ပဲစေ့လေးတို့သည် ကျန်းမာစွာဖြင့် ၈လအရွယ်သို့ ရောက်လာပြီ ဖြစ်သည်။

မေမေတို့နှင့် ပြန်၍ ပြေလည်သွားသော်လည်း ကျနော်တို့ကို အများကြီး အကူအညီပေးထားသည့်အပြင် ပဲစေ့လေးတို့ကို သံယောဇဉ်တွယ်နေပြီဖြစ်သော ဟိုဆော့တို့ စုံတွဲကြောင့် ဟိုဆော့တို့ အိမ်ကလေး၌ပင် ဆက်၍ နေဖြစ်သည်။ မွေးမလာသေးသည့် မြေးဦးလေးများအား သိပ်ချစ်ရှာသော ဖေဖေနှင့် မေမေကတော့ အိမ်ကို မကြာခဏလာလည်သလို လာတိုင်းလည်း သူ့မြေးနှစ်ယောက်အတွက် လက်ဆောင် တစ်ခုမဟုတ် တစ်ခုက ပါပြန်သေးသည်လေ။

ကူးငယ်မှာတော့ ကိုယ်ဝန်လရင့်လာသည့် အပြင် အမြွှာလေး ဖြစ်နေသည်ကြောင့် ကိုက်ခဲသော ဝေဒနာတို့အား နေ့စဉ်မလပ် ခံစားရသည်မှာ ဟန်ပင် မဆောင်နိုင်။ သို့သော်လည်း အတွင်းဘက်မှ လှုပ်ရှားမှုလေးများကို ခံစားရတိုင်း ကျန်းမာစွာ ကြီးပြင်းနေသည်မှန်း သိသည်မို့ ဝေဒနာများက ယူပစ်သလိုပါပဲတဲ့လေ။

သို့ပေမယ့် ဘေးကမြင်ရသည့် ကျနော်မှာတော့ စိတ်မအေးနိုင်ပါ။ စိတ်မချရလွန်းသည်မို့ အလုပ်နားရန် ပြုပါသော်လည်း အဆင်မပြေသည်ကြောင့် တနုံ့နုံ့သာ ဖြစ်၍ နေရလေသည်။ ရုံးသွားချိန်တွင် ဂျီမင်းက အိမ်မှာရှိပါသော်လည်း ကျနော်က အနားမရှိနိုင်သည်ကြောင့် ပူပန်သည်ကတော့ ထိန်းမရပေ။

ထို့ကြောင့် အနားနေပေးနိုင်သည့်အချိန်တွင် ပိုတိုး၍ ဂရုစိုက်ဖြစ်သည်။ ချစ်ရသူကိုရော ချစ်ရသူနှင့် မိမိ၏ အချစ်သက်သေလေးများဖြစ်သော ပဲစေ့လေးတို့ကိုရော နည်းနည်းလေးမျှ အထိခိုက် မခံနိုင်ပါလေ။

ထိုအချက်ကြောင့်ပဲ ဂျောင်လေး၏ ကမ်းလှမ်းမှုအကြောင်းကိုပင် ပြောမပြခဲ့ပါ။ ပဲစေ့လေးတို့ မွေးပြီးချိန်မှ ထိုအိမ်နှင့် ပြန်ပတ်သက်လည်း နောက်မကျသေးတာမို့ ခုလို နုနုနယ်နယ်အချိန်မှာတော့ ဖြစ်နိုင်ချေရှိသည့် ဘေးဒုက္ခမှန်သမျှကို ကာဆီးဖုံးအုပ်ထားချင်မိသည်။

ယခုလည်း လရင့်လာသည့် ကိုယ်ဝန်ကြောင့် ကိုက်ခဲတောင့်တင်းနေသော ခါးနှင့် ကိုယ်လက်များ သက်သာလို သက်သာငြား နှိပ်ပေးမိတော့ ပဲစေ့လေးတို့ပါပါးက မျက်လုံးလေး မှေးစင်း၍ ဇိမ်ခံနေလေသည်။

Second Choice ✔Where stories live. Discover now