အပိုင်း ၂၇ Loving you is a losing game

3.3K 271 73
                                    

ZG

နေ့လည်စာစား၍ ပြန်ရောက်ကတည်းက တဦးတည်းထားရစ်ကာ ထွက်သွားသည့် ကင်မ့်ကို စိတ်မဆိုးဘူးဆိုလျှင် ညာရာသာ ကျပါလိမ့်မည်

ကင်မ့်အပြုအမူနှင့် အပြောအဆိုတို့အရ ဂျွန်ဂျောင်ဂုဘက်ကို ယိမ်းယိုင်နေသည်မှာ သိသာသော်လည်း အလိုက်သင့်နေပေးခဲ့တာမို့ အတန်ငယ်ကြာလျှင် ပုံမှန်ပြန်ဖြစ်သွားမည် ယုံကြည်ခဲ့ပါသည်. သို့သော်လည်း ဂျွန်ဂျောင်ဂုနှင့် ပတ်သက်သည်နှင့် ချက်ချင်းကို ပြေးထွက်သွားခဲ့သည့် ပုံရိပ်နှင့် ပြေးထွက်သွားပြီးကတည်းက အဆက်အသွယ်ပြတ်သွားသည့် ကင်မ်က ထိုယုံကြည်ချက်ကို ခြိမ်းခြောက်၍ နေလေသည်

အဲ့ဒီဂျွန်ဂျောင်ဂုကလည်း ထွက်သွားဆို အိမ်ကို တန်းတန်းမတ်မတ်ပြန်ရောပေါ့. ဘယ်တွေ သဝေထိုးနေတာလဲ မသိ

နှစ်ယောက်သား ပြန် တွေ့သွားကြပြီလား.. ဂျွန်ဂျောင်ဂုက ကင်မ့်ကို ဘာတွေများ သွေးထိုးလိုက်မလဲ.. ကင်မ်က ကျနော့်ကို စွန့်ပစ်သွားပြီများလား စသဖြင့် အတွေးပေါင်းစုံတို့ဖြင့် ပူလောင်ရသည်မှာလည်း ကောင်းကောင်းပင် ထိုင်မနေနိုင်ပေ

ကျနော့်မှာ ကင်မ့်ကို ဘယ်လောက်ထိ သဘောကျလိုက်ရသလဲ..ကင်မ့်အချစ်ကို အပိုင်စားရဖို့ ကျနော်မဟုတ်တဲ့ အခြားသူတယောက်ရဲ့ ပြောဆိုဆက်ဆံပုံနဲ့ နေခဲ့ရတာ ဘယ်လောက်ထိ ခက်ခဲခဲ့ရသလဲ..ကင်မ်နဲ့ ဂျွန်ဂျောင်ဂုမဆုံမိအောင် ဘယ်လောက်ထိ ကြိုးစားလိုက်ရသလဲ..ခုတော့ အရာရာသဲထဲရေသွန်လိုပါပဲလား...

ဒီလိုတွေဖြစ်မယ်မှန်းသာသိရင် အဲ့နေ့က ကျိန်းသေပေါက် အိမ်က ထွက်သွားခဲ့မှာမဟုတ်ဘူးရယ်...

အိမ်ရှေ့တံခါးဖွင့်သံကြောင့် ဝေဝါးနေသည့် စိတ်တို့ကို သတိအမြန်ကပ်ကာ အပြေးသွားလိုက်တော့ ထင်သည့်အတိုင်း ကင်မ်ဖြစ်လေသည်

ပြန်တော့လာသေးတာပဲ... ဒါဖြင့်ရင်တော့ ကျနော်ကပဲ အစိုးရိမ်လွန်နေတာ နေမှာပါ

"ကင်မ်.. ဘယ်တွေလျှောက်သွားနေလို့ ဒီလောက်ထိ နောက်ကျမှ ပြန်လာရတာလဲ. ဖုန်းလဲ မကိုင်ဘူး"

Second Choice ✔Where stories live. Discover now