အပိုင်း ၇ ဟန်ဆောင်ခြင်းကား မလွယ်ကူပေ

2.9K 300 29
                                    

ZG

ကင်မ်က ဒီ​နေ့လည်း လာလည်ဦးမည် ပြောတာကြောင့် မနေ့ညနေက ကင်မ်ပြန်သွားပြီးနောက် အဖွားထံမှ ကင်မ်အကြောင်းတွေ ထပ်ပြီး လေ့လာရသည်

အဖွားရဲ့ ​ပြောစကားအရတော့ ကင်မ်ဟာ ဂျောင်လေးနဲ့ အထက်တန်းကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီး အိမ်ကို ဝင်ထွက်နေသည့်အထိ ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြသည်တဲ့

သို့ပေမယ့် ဂျောင်လေးမှာ ကျနော်ဆိုတဲ့ အမြွှာရှိတာကိုတော့ မြင်လဲ မမြင်ဖူးတာမို့ မသိလောက်ဟန်တူသည်ဟု ပြောသည်

ဒီလောက် အိမ်ကို ဝင်ထွက်တဲ့အထိ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသည်ဆိုသူက ကျနော်နဲ့ တခါမှလဲ မဆုံဖူး ကျနော့်ကိုတောင် မသိဘူးဆိုသည်ကတော့ အနည်းငယ် ထူးဆန်းနေသည် မဟုတ်လား

ဂျောင်လေးထက်စာရင် ကျနော်ကတောင် အိမ်မှာ နေတဲ့အချိန် ပိုများခဲ့တာမလား

ထားပါတော့ ဒါလဲ ကျနော့် အလုပ် မဟုတ်ပါဘူးလေ..

အဖွားထံမှ ကင်မ့်အကြောင်းများ နားထောင်ကြည့်ရာမှ ကင်မ်က ဂျောင်လေး၏ အခြားသော ချစ်သူများနှင့် ယှဉ်လျှင် တော်တော်လေးကို ကွဲထွက်နေသည်ကိုလဲ တွေ့ရသည်

ကျနော်သိသော ဂျောင်လေးချစ်သူဆိုသူများက ပေါ့ပေါ့နေ ပေါ့ပေါ့စား တဖက်သားကို လေးစားမှု မရှိသော သူဌေးသား လူပေါ်ကြော့များဖြစ်သော်လည်း

ကင်မ်ကတော့ လူကြီးလူကောင်းဆန်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အရည်အချင်းလဲရှိ တော်လဲတော်သည့်အပြင် မည်သူ့ကိုမဆို လေးစားသမှုနှင့် ဆက်ဆံပြီး စိတ်ထားပြည့်ဝသော လူတယောက် ဖြစ်ဟန်ပေါ်သည်

ရုပ်ရည်အသွင်အပြင်ကို ကြည့်လျှင်လည်း အတော်လေးကို ကြည့်ကောင်းသော ရုပ်ရည်နှင့် အရပ်အမောင်းရှိသူလဲ ဖြစ်လေသည်

စူးရှသော အကြည့်ပိုင်ရှင် ဖြစ်သော်ငြားလဲ ကျနော့်ကိုဆို ဂျောင်လေးအမှတ်ဖြင့် နွေးနွေးထွေးထွေးသာ ကြည့်နေကျမို့ နွေးထွေးသော အသွင်ကို ဆောင်သည်

စကားပြောလိုက်လျှင်လည်း ဩရှရှ အသံဖြင့် နွေးထွေးစွာ ပြောတတ်ဆိုတတ်သူ ဖြစ်လေသည်

Second Choice ✔Where stories live. Discover now