အပိုင်း ၁၃ တိမ်းညွှတ်မှုများ

2.4K 245 47
                                    

ZG

"ကင်မ်! ကင်မ်!"

ခါတိုင်းဆိုလျှင် ကျနော့်ခေါ်သံကြားသည်နှင့် ချက်ချင်း ပြန်ထူးမည့်သူဖြစ်သော်လည်း ယခုကား အဖြေစကား တစုံတရာမကြားရသည်မို့ အထူးအဆန်းပင်

တံခါးဝတွင် ကင်မ့်ဖိနပ် ဧည့်ခန်းတွင် coatအင်္ကျီကို ပစ်တင်ထားခဲ့ပုံအရ ကင်မ်ပြန်ရောက်နေသည်မှာတော့ အသေအချာမို့ ဆက်၍သာ လိုက်ရှာမိလေသည်

အိပ်ခန်းတံခါးကို ဖွင့်ကြည့်ချိန်မှာတော့ ကျောခိုင်းကာ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်နေသော ကင်မ့်ကိုတွေ့လိုက်ရသည်ကြောင့်

"ကင်မ်. ကင်မ်! ဘယ်ရောက်နေတာလဲ ကျနော်ရှာလိုက်ရတာ"

သို့ပေမယ့် ကင်မ်က ဘာမှမပြောပဲ ပြတင်းပေါက်အပြင်ဘက်ကိုသာ ဆက်၍ ကြည့်​နေလေပြန်သည်

"ကင်မ်?"

"ဘာလို့ ဆက်တိုက်ခေါ်နေတာလဲ စိတ်အနှောင့်အယှက်ဖြစ်အောင်"

"ဟင်?"

"ပျော်ရဲ့လားဟမ်. ငါ့ကို လိမ်ညာထားရတာ ပျော်ရဲ့လား"

ကင်မ့်အသံက ဒေါသ စွက်ကာနေလေသည်

"ကင်မ်ဘာတွေပြောနေတာလဲ"

ကျနော့်စကားအဆုံးတွင် လှည့်ကြည့်လာသော ကင်မ့်မျက်နှာကား မာကြောခက်ထန်ကာ ကြက်သီးမွေးညင်းပင်ထစေသည်

"ဂျွန်ဂျောင်ဂု"

ဂျွန်ဂျောင်ဂုတဲ့လား... ဒါဖြင့်ရင် ကင်မ်သိသွားပြီပေါ့..

"မင်းကလူလိမ်ကောင်ပဲ"

"မ-မဟုတ်ပါဘူး..ကျနော် ရှင်းပြပါ့မယ် ကင်မ်"

"ဘာမှမရှင်းပြနဲ့. ငါမှမသိရင် ဘယ်အချိန်ထိ ဖုံးကွယ်ထားဖို့ စဉ်းစားခဲ့တာလဲ? ငါကတော့ ချစ်လိုက်ရတာ မင်းကတော့ ငါ့ချစ်သူကို အ​ဝေးရောက်အောင်လုပ်ပြီး ငါ့ကို နေ့တိုင်း အရူးလုပ်နေခဲ့တာပဲ "

"ဟင့်အင်း...အဲ့လိုမဟုတ်ပါဘူး ကင်မ်.."

"တော်ပါ. မင်းက အရင်တည်းက မနာလိုစိတ်သိပ်ကြီးခဲ့တာတဲ့လေ. ဘယ်လောက်တောင် ကြောက်စရာကောင်းလို့ ဂျောင်လေးက မင်းရှိနေတာတောင် ပြောမပြနိုင်တဲ့အထိဖြစ်ရသလဲမှ မသိတာ"

Second Choice ✔Where stories live. Discover now