ZG
"ဘယ်ချိန်ထိ ဖုံးကွယ်ထားမလို့လဲ"
"အင်?? ကင်မ် ဘာကို ပြောတာလဲဟင်"
"ဂျောင်ဂု"
"ဟ-ဟင်?"
ကင်မ့်၏ ဂျောင်ဂုဆိုသည့် ခေါ်သံနောက်မှာ ကြက်သီးတွေပါ ထသွားရသည်ပါ
သိသွားခဲ့ပြီကိုး..
ယခုကဲ့သို့ နေ့မျိုးရောက်လာမည်မှန်း ကြိုတင်တွက်ဆခဲ့မိသော်လည်း ဒီလောက်မြန်မြန်ရောက်လိမ့်မည်တော့ မထင်ခဲ့ပေ
ဘယ်ကနေဘယ်လိုများ သိသွားခဲ့ရတာလဲ ကင်မ်ရယ်..
"ကင်မ်...ဘယ်လိုလုပ်ပြီး သိသွားတာလဲဟင်"
"အင်း...ဒီလိုပဲ သိသွားတာ. လူတယောက်ကို အသားလွတ်ကြီး ဘယ်လိုများ လိမ်ညာရက်ရတာလဲ.."
"ကျနော်တောင်းပန်ပါတယ် ကင်မ်"
"မတောင်းပန်ပါနဲ့.ကို့ကို ဒီလို ပိပိရိရိ လိမ်ညာရတဲ့ အကြောင်းအရင်းကိုပဲ သိချင်တာ"
ကင်မ်ကတော့ သူပြောနေကျ လေသံအေးဖြင့်သာ ပြောသော်လဲ ကျနော်ကတော့ အပြစ်ပေးခံရမည့် ကလေးတယောက်လို လက်ဖျားခြေဖျားတွေပါ အေးစက်နေရတော့သည်
[Kim's pov]
ချစ်ရသူနှင့် တထေရာတည်းတူသည့် ဂျောင်ဂုဆိုသည့် ကောင်ကလေးကား ကျောက်ရုပ်သဖွယ် မလှုပ်မရှက်ငြိမ်သက်ကာနေလေသည်
အသေအချာကြည့်လျှင်တော့ အနည်းငယ်တုန်ရီနေသော လက်ချောင်းလေးများကို မြင်နိုင်လေသည်
အပြစ်ရှိသူဆိုတော့လည်း အပြစ်ဒဏ်ခံယူရမှာ စိုးရွံ့မိသည်ထင်ပါရဲ့
သို့ပေမယ့် ကျနော်ကလည်း ကျိုးကြောင်းဆီလျော်မှုမရှိဘဲ စိတ်လိုက်မာန်ပါလုပ်တတ်သူ မဟုတ်သည်မို့ သင့်တင့်သောအကြောင်းပြချက်ကိုတော့ အရင် နားထောင်ရပါဦးမည်
ကျနော်နှင့် တခါမျှပင် မဆုံဖူးသော ဂျောင်လေး၏ အမြွှာဆိုသူက ကျနော်ချစ်ရသူနေရာတွင် အသားလွတ်ကြီးဝင်၍ ဟန်ဆောင်နေခြင်းကား အူကြောင်ကြောင်နိုင်လှသည် မဟုတ်လား
သွေးရိုးသားရိုးတော့ မဟုတ်နိုင်သည်မို့ အမှန်တရားကို ကျိန်းသေပေါက်သိအောင်တော့ လုပ်ရပါမည်
YOU ARE READING
Second Choice ✔
Romanceဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... ဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... Taehyung x Jungkook Start: 28/08/21 End: 28/08/22 Disclaimer: this fiction is based on author's imagin...