ZG
ကင်မ့်မွေးနေ့ရောက်ဖို့က ရက်ပိုင်းသာလိုတော့သည်မို့ မွေးနေ့ရှင်ထက်ကို ပို၍ စိတ်လှုပ်ရှားနေမိလေသည်မှာ
ကျနော့်လက်ရာကို သဘောကျသော ကင်မ့်အတွက် ကိုယ်တိုင် cakeလုပ်ကျွေးချင်သည်မို့ ကျောင်းမှ ခွင့်ယူကာ တိတ်တိတ်လေး သင်တန်းတက်ခဲ့သည်အထိသို့ပေမယ့် တပြိုင်နက်တွင်လည်း ဘာကြောင့်ရယ်မသိ စိတ်များလေးလံနေပြန်သည်
တချိန်က ကင်မ်ပြောဖူးတဲ့ မွေးနေ့ဆုတောင်းကြောင့်ပဲလား မပြောတတ်..
အခုတော့ သင်တန်းဆင်းချိန် ကိတ်အတွက် ပါဝင်ပစ္စည်းအချို့ဝယ်ယူရန် ကုန်တိုက်ဆီသို့ ခြေဦးတည့်မိတော့သည်
ဂျုံမှုန့် မုန့်ဖုတ်ဆိုဒါ ကြက်ဥ သကြား အစရှိသဖြင့် လိုအပ်သည်များကို စုံသလောက်ရှိအောင် ဝယ်ပြီးလေတော့ အတွေးထဲ ဝင်လာသည်က... စတော်ဘယ်ရီ
ကင်မ်က စတော်ဘယ်ရီ သိပ်ကြိုက်သည် မဟုတ်ပါလား
စတော်ဘယ်ရီကြိုက်သည့် ကင်မ့်ရဲ့ မွေးနေ့ကိတ်မှာ ကျိန်းသေပေါက် မပါမဖြစ်သည့်အရာက စတော်ဘယ်ရီသီးဖြစ်သည်မို့ အသီးတန်းဘက်သို့ ခြေဦးတည်မိလေသည်
ကံကောင်းသည်လား ကံဆိုးသည်လား မပြောတတ်ရအောင် နီနီရဲရဲဖြင့် စားချင့်စဖွယ် စတော်ဘယ်ရီသီးတို့က တဘူးမျှသာ ကျန်တော့သည်မို့ ခပ်သွက်သွက် ထိုစတော်ဘယ်ရီဘူးဆီသို့ လက်လှမ်းမိတော့ ခပ်ကြီးကြီး လက်ဝါးတခုနှင့် ထိကပ်မိလေသည်
အားနာတတ်သူ ဖြစ်သော်ငြားလည်း သည် နောက်ဆုံးလက်ကျန် စတော်ဘယ်ရီကိုတော့ အရယူမှ ဖြစ်မည်မို့ ခွင့်တောင်းရန် မော့ကြည့်လိုက်မိတော့
"ဟင် စီနီယာ"
"ဟောဗျာ. ကူးလေးဖြစ်နေပါရောလား"
"ဒီမှာ လာတွေ့ရတယ်လို့"
"ဟုတ်တယ်.အကိုက ဒီနေ့ နေ့ဆိုင်းမရှိတော့ အိမ်အတွက်လိုတာလေးတွေ ဝယ်မလားဆိုပြီး ရောက်လာတာရယ်. ကူးလေးကရော ဘယ်လိုဖြစ်တာလဲ"
"ကင်မ်မွေးနေ့အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေ လာဝယ်တာ စီနီယာ ဟီး"
YOU ARE READING
Second Choice ✔
Romanceဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... ဘယ်အချိန်ပဲဖြစ်ဖြစ် သူနဲ့ယှဉ်ရင် ကျနော်ဟာ အမြဲ ဒုတိယရွေးချယ်မှုပဲမို့... Taehyung x Jungkook Start: 28/08/21 End: 28/08/22 Disclaimer: this fiction is based on author's imagin...