PROLOGUE

3.8K 113 0
                                    

ကြီးကျယ်ခမ်းနားတဲ့ပါတီပွဲကြီးတစ်ခုအတွင်း တက်ရောက်လာကြတဲ့ ခေါင်းဆောင်တွေဟာသူတို့ရဲ့ ပါတနာတွေနဲ့ စကားစမြည်ပြောနေကြသည် ။

"Ahhhhhh!!!!!"

"ဘာဖြစ်တာလဲ.."

ထိုစဥ်လူတစ်ယောက်ကလေပေါ်မှာဝဲနေခဲ့ပြီးတောက်ပတဲ့မျက်ဝန်းတစ်စုံနဲ့
" အားလုံးနားထောင်ကြ ၊ သူတို့... သူတို့ လာနေပြီ..
လပြည့်ညမှာ ကြောက်မက်ဖွယ်ဝိညာဥ်နှစ်ခုမွေးဖွားလာ
လိမ့်မယ် ။ ငြိမ်သက်နေတဲ့နှလုံးသားနှစ်ခု နောက်တစ်ကြိမ်
ပြန်လည်နိုးထလာလိမ့်မယ် ။ သူတို့နောက်ဆုံး ဒီကမ္ဘာမြေ
ကိုရောက်ရှိလာလိမ့်မယ် ။ သူတို့က ကျိန်စာလဲမဟုတ်သလို
ဆုမွန်ကောင်းလဲမဟုတ်ဘူး ။ သူတို့ဒီကမ္ဘာကိုဘာတွေ
ယူဆောင်လာမလဲဘယ်သူမှမသိနိုင်ဘူး "

" ဟာ... မဖြစ်နိုင်ဘူး သူတို့ကလွန်ခဲ့တဲ့အနှစ် ၃၀၀ ကတည်းကသေသွားခဲ့ပြီလေ "

" Yeahh! သူတို့ဘယ်လိုလုပ်ပြန်လာနိုင်မှာလဲ သူတို့ဝိညာဥ်ကိုဘယ်သူမှရှာမတွေ့ခဲ့ကြဘူးလေ ။ သူတို့မိသားစုဝင်တွေတောင်မှရှာတွေ့ခဲ့ကြတာမှမဟုတ်တာ "

လူတွေက တစ်စတစ်စနဲ့အမျိုးမျိုးပြောနေကြခဲ့ကြသည် ။
သူတို့အားလုံးရဲ့ခေါင်းဆောင်ကမတ်တပ်ရပ်ပြီး
" ဒါက ရှေ့ဖြစ်ဟောကိန်းတစ်ခုဘဲ ။ ငါတို့ဒါက ရှောင်လွှဲနိုင်
ရမယ် ၊ရပ်ပစ်ဖို့လိုမယ် ။ အဲ့တော့..လပြည့်နေ့မှာမွေးလာ
မယ့် ကလေးအကုန်လုံးကိုငါတို့သတ်ပစ်ရမယ် "

"ငါတို့ဘာလို့ ဒီအပြစ်မရှိတဲ့ ကလေးတွေအကုန်လုံးကိုသတ်ပစ်ရမှာလဲ ၊ ငါတို့ဘယ်လိုလုက်သူတို့ကိုသတ်ရက်မှာလဲ ၊ ငါတို့မျိုးဆက်တွေကြောင့်သာ ငါတို့ ဆယ်စုနှစ်များစွာ မပျောက်ကွယ်ဘဲ လက်ဆင့်ကမ်းခဲ့ကြတာမလား "

လူတွေက အချင်းချင်းတစ်ဖန်ငြင်းခုံလာကြပြန်သည်။ အဲ့လိုငြင်းခုန်နေကြတဲ့အချိန် လူနှစ်ယောက်တံခါးကနေတိတ်တိတ်လေးခိုးထွက်သွားတာဘယ်သူမှမသိခဲ့ကြဘူး ။
ထိုသူနှစ်ယောက်ကအလောတကြီးနဲ့အခန်းတစ်ခုထဲကအပြေးအလွှားလာခဲ့ကြသည် ။

ထိုအခန်းထဲမှာ သူတို့နှစ်ယောက်ကိုစောင့်နေခဲ့တဲ့လူငါးယောက်ရှိခဲ့လေသည် ။
ထိုလူနှစ်ယောက်နာမည်က ဖန်းမျန်နဲ့ချီရန် ။ သူတို့နှသ်ယောက်သည်လဲ ထိုပါတီပွဲအတွင်းက မျိုးရိုးမြင့်ခေါင်းဆောင်တွေလဲ ဖြစ်လေသည် ။ သူတို့ကစောင့်ဆိုင်းနေတဲ့လူငါးယောက်ကတော့ ယွီကျစ်ယန် ၊လန်ယွီ ၊ချန်း ၊ရွှီလု နဲ့ ဟွိုက်ခွမ်း ။
ယွီကျစ်ယန်က ဖန်းမျန်ရဲ့ ဇနီးဖြစ်ပြီး ချန်းနဲ့ရွှီလုကသူမတို့ရဲ့သား နဲ့သမီး ဖြစ်တယ် ။ လန်ယွီကတော့ ချီရန်ရဲ့ဇနီးဖြစ်ပြီး ဟွိုက်ခွမ်းကတော့သူမတို့ရဲ့သားလေးဖြစ်တယ် ။ သူမတို့နှစ်ဦးစလုံးက ရင်သွေးကိုယ်စီ ထပ်မံလွယ်ထားရတဲ့သူတွေလဲ ဖြစ်လေသည် ။

I am your ALPHA and you are my OMEGAWhere stories live. Discover now