Part 17

589 63 2
                                    

Xiao zhan လဲအောက်ထပ်မှာနေရတာပျင်းလာတာနဲ့ အပေါ်ထပ်ကအခန်းထဲ ပြန်ဝင်လာတယ် ။ မားတို့ကလဲ စီးပွားရေးအကြောင်းပဲပြောနေကြတယ်လေ yizhan လေးကလဲ yibo နဲ့ပဲကပ်နေတော့ xiao zhan အလုပ်မရှိတာနဲ့ အခန်းထဲသာအနားယူဖို့ပြန်ဝင်လာလိုက်တယ် ။

xiao zhan ကုတင်ပေါ်ထိုင်နေတုန်းမှာပဲ unknown call တစ်ခုဝင်လာခဲ့တယ် ။ xiao zhan လဲ ဖုန်းကိုကိုင်လိုက်တော့
" hello? "
" xiao zhan ငါ့ကိုမှတ်မိလား " အရမ်းရင်းနှီးနေတဲ့အသံတစ်ခု
" ဝမ်ချောင် "
" မင်းမှတ်မိသားပဲ ဟုတ်တယ်ငါဝမ်ချောင် "
" မင်းဘာလိုချင်လို့လဲ "
"မင်းသက်တမ်းစေ့ချိန်တန်ပြီ ဟားးးဟားးး ၊ မကြာခင်မင်းရဲ့ဘိုးဘေးဘီဘင်တွေနဲ့ တွေ့ရတော့မှာ၊ သတိထားနေ xiao zhan,
စကားမစပ် မင်းရဲ့ရိပေါ်လေးက အရမ်းလှတယ် ဟားးးးးးဟားးးး"

yibo နာမည်ကို ဝမ်ချောင်ပါးစပ်ကထွက်လာတာကြားရတာ xiao zhan ဒေါသထွက်လာတော့တယ်
" Fuck you dog!!!! "
xiao zhan ဖုန်းကိုချက်ချင်းချပစ်လိုက်တယ် ။ သူဆက်နားမထောင်ချင်တော့ပါ ၊ ရာရာစစ ဒီလိုကောင်ပါးစပ်က ရိပေါ်နာမည်ကိုထွက်ရဲရတယ်လို့

ထိုအချိန်မှပဲ ဖုန်းကထပ်ဝင်လာပြန်တယ်။ ဒေါသထွက်နေတာကြောင့် contact name ကိုမကြည့်တော့ပဲ ဖုန်းတန်းကိုင်လိုက်တယ်
" ဘာလဲ "
"zhan ပါး ပါ ၊ ဘာတွေဖြစ်နေတာလဲ "
xiao zhan လဲပါးကိုဝမ်ချောင်ဖုန်းဆက်တဲ့အကြောင်း အကြောင်းစုံပြောပြလိုက်တော့တယ်
"ပါး ပါးကရောဘာလို့ဖုန်းခေါ်တာလဲ ဘာပြောစရာရှိလို့လဲ "
" သား zhan အဲ့မှာနေရာတာအဆင်ပြေတယ်မလား "
" ဟုတ် ပါး ၊ အဆင်ပြေပါတယ်"
" သူတို့ဘက်ကရော အခြေအနေဘယ်လိုလဲ "
" သူတို့ဘက်ကအခုထိတော့ လှုပ်ရှားတာမတွေ့သေးဘူး "
" okay zhan,  ပါး လဲ ပါးအဖွဲ့ကလူတွေနဲ့ အိမ်ကိုပြန်လာနေပြီ ၊ သူတို့လဲအဲ့မှာရှိနေရင် သားအတွက် အကူအညီပိုရတာပေါ့ ၊ yibo ကိုဂရုစိုက်ပါ သားငယ် ၊ မျက်စိရှေ့မှာပဲထားပါ ၊ yibo ဘယ်မှာရှိနေလဲ သိနေလောက်ပြီ "
xiao zhan လက်သီးတွေကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်
" ဟုတ်ကဲ့ပါး ၊ သားသိပါပြီ အိမ်ကိုဂရုစိုက်ပြန်ခဲ့ပါ "

xiao zhan လဲ ဖုန်းချပြီးတဲ့နောက် ကုတင်ပေါ်ပစ်လှဲလိုက်တော့တယ် ။ ဖြစ်လာမယ့် အခြေအနေတွေကို တွေးရင်း yibo အတွက် စိုးရိမ်လာတယ်
စိတ်တွေမွန်းကြပ်လာတာကြောင့် စိတ်ထဲကနေ ဝေ့ရင်းကိုဆက်သွယ်လိုက်တယ်
" hey ဝေ့ရင်း yibo သာ wolf body ပြောင်းသွားရင် ဘယ်လိုပုံစံဖြစ်လောက်မလဲ မင်းသိလား "
" ငါဘယ်လိုလုပ်သိမှာလဲ အရူးရ "
" ဟားးဟား stupid sir နဲ့နေရတဲ့မင်းအတွက်စိတ်ကောင်းပါဘူး ငါကမေးကြည့်ရုံပါဘဲ "

I am your ALPHA and you are my OMEGAWhere stories live. Discover now