ဝေ့ရင်းနဲ့ လန်ကျန့် နှစ်ယောက်သား ဘဝကိုပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းနေကြတုန်းမှာပဲ ဝေ့ရင်းဆီ ဝေ့ဂိုဏ်းက လျု့ိဝှက်စာတစ်စောင်ရောက်လာခဲ့တယ် ။
ဝေ့ရင်းကိုပြန်လာဖို့ ခေါ်တဲ့စာ..။
ဒါပေယ့် ထူးဆန်းတာက ပို့တဲ့သူရဲ့နာမည်မပါသလို ဘာအမှတ်အသားမှလဲမပါခဲ့ဘူး ။" သူတို့က ငါ့ကိုဘာလို့ရုတ်တရက်ကြီး ပြန်ခေါ်နေတာလဲ "
" မင်းက သူတို့ရဲ့ဂိုဏ်းချုပ်ဖြစ်လာမယ့်သူဆိုတော့ သူတို့မင်းအကူအညီလိုနေလို့များလား "
" ငါလဲအဲ့လိုတော့ထင်ပါတယ် ၊ ဒါပေမယ့် ငါ့စိတ်ထဲတစ်ခုခုထူးဆန်းနေသလိုပဲ၊ စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်မျိုးကြီးခံစားနေရတယ် "
" ဝေ့ရင်း ..ငါတို့သူတို့ကိုရင်ဆိုင်သင့်ပြီမလား ၊ ပြီးတော့မင်းရဲ့ဂိုဏ်းက ဘယ်ပုံစံရှိလဲလဲ ငါမသိသေးဘူးလေ ၊ ငါကြည့်ချင်တယ် "
ဝေ့ရင်းကတော့ သက်ပြင်းတချချ နဲ့ပဲ လက်ခံရတော့တယ် ။
သူ့အသက်ကလေး ကပြောတော့လဲ သူမငြင်းရက် ။
ဖြစ်လာသမျှကိုရင်ဆိုင်ဖို့ပဲ ပြင်ရတော့မှာပေါ့ ။" မင်းသေချာပြီလား ၊ သူတို့ကမင်းကိုငါ့ဆီကပြန်လုယူသွားကြလိမ့်မယ် "
ဝေ့ရင်း လန်ကျန့်ကိုဖက်ပြီး မျက်ရည်တွေသွင်သွင်ကျလာတော့တယ် ။
လန်ကျန့်ကိုသူနဲ့အဝေးဆုံးကိုခေါ်သွားမှာအကြောက်ဆုံးပဲ ။
" စိတ်ချပါ ၊ ငါတို့ကိုဘယ်သူမှမခွဲနိုင်ဘူး ငါကမင်းနဲ့ပဲတူတူရှိနေမှာ "ရက်နည်းနည်းကြာတော့ သူတို့နှစ်ယောက် ဝေ့ဂိုဏ်းကိုပြန်ဖို့ဆုံးဖြတ်ခဲ့ကြတယ် ။
" သူတို့ငါ့ကိုလက်ခံပေးမယ်ထင်လား "
"ဒါပေါ့ လန်ကျန့်ရဲ့ ၊ ဒီလောက်လှတဲ့ omega လေးက သူတို့ခေါင်းဆောင်ရဲ့ကြင်ယာတော်ဖြစ်လာတာပဲကို "
" ဒါဆို မင်းပါးကရော "
" အိုက်ယား..လန်ကျန့် ၊ အများကြီးလျောက်မတွေးနဲ့တော့နော် ၊ ပါးကမင်းကိုမြင်ရင်ပျော်တောင်ပျော်ပြီး ဂုဏ်ယူနေဦးမှာ ၊ အချောဆုံး အလှဆုံးဆိုတဲ့လန်သခင်လေးက သူ့သမက်ဖြစ်လာတာလေ "သူတို့နှစ်ယောက်ခရီးထွက်လာလိုက်တာ ဝေ့ဂိုဏ်းကို ၃ညအိပ်၄ရက် ကြာခဲ့တယ် ။
ဝေ့ဂိုဏ်းကိုရောက်လာတော့ လန်ကျန့် တအံတသြဖြစ်နေမိတယ် ။
" wow, မင်းရဲ့ဂိုဏ်းကဒီလောက်လှပြီး နေချင်စဖွယ်ကောင်းတာကိုငါဘာလို့မသိခဲ့ရတာလိမ့် ၊ စာတွေထဲမှာလဲ ငါမဖတ်ဖူးဘူး "
" ဒါဆိုမင်းက ငါ့ရဲ့ဂိုဏ်းကိုနေရာတိုင်းမှောင်ပြီး ကွောကျဖို့ကောငျးမယျထငျနတောလား "
YOU ARE READING
I am your ALPHA and you are my OMEGA
Fanfic" yibo. အခုရောအနာဂတ်မှာရော မင်းကငါ့ရဲ့တစ်ဦးတည်းသော omega လေးဖြစ်ပေးမယ်လို့ကတိပေးနိုင်မလား " " မင်းငါ့ကိုလိမ်တယ် yibo ငါတို့ရဲ့ကတိကိုမင်းဖျက်တယ် ငါမင်းကိုမုန်းတယ် yibo " zhanyi fan fiction Transalation