Part 11

684 59 0
                                    

Yibo စိတ်တွေရှုပ်ထွေးပြီးအ ဆောင်ကိုပြန်လာခဲ့တယ် သူ့ပုံစံက စိတ်နဲ့လူနဲ့နည်းနည်းလေးမှမကပ်ဘူး
" မင်းဘယ်ကိုသွားနေတာလဲ wang yibo "
ကျိရန်ကအခန်းတံခါးကိုဖွင့်ပေးရင်းမေးလာပေမယ့် yiboဆီကအဖြေပြန်မရ yiboခေါင်းခါပြပြီး အခန်းထဲကိုသာတန်းဝင်သွားတယ်
yibo သူ့ကုတင်ပေါ်ရောက်တဲ့အခါ ထိန်းထားတဲ့မျက်ရည်တွေက ဒလဟောကျဆင်းလာတော့တယ် yibo ကုတင်ပေါ်မှာအရုပ်ကြိုးပြတ်သလိုစိတ်နဲ့လူနဲ့ကင်းကွာပြီး မျက်ရည်တွေတလှိမ့်လှိမ့်ကျဆင်းလာတော့တယ်

" yibo မင်းအဆင်ပြေရဲ့လား "
"ကျိရန် zhan ဘာလို့ထွက်သွားလဲမင်းသိတယ်မလား "
" အင်း ငါသိတယ် "
" ဒါဆို....မင်းငါ့ကိုဘာလို့မပြောပြရတာလဲ "
yibo ကျိရန်ရဲ့လက်မောင်းနှစ်ဖက်ကိုဆုပ်လာပြီးမေးတယ်
yibo စိတ်တွေဆောက်တာ်ရာမရ zhan ကသူ့ကိုတကယ်ထားသွားတာလား ကျိရန်ကဘာလို့သူ့ကိုမပြောပြရတာလဲ
" zhan က ငါ့ကိုမပြောပြခိုင်းဘူး "
" ငါ...ငါ...."
" yibo မင်းမပျော်ဘူးလား zhan ကမင်းရဲ့အဝေးကိုရောက်သွားပြီလေ သူမင်းကိုနောက်ထပ်ထပ်မနှောင့်ယှက်နိုင်တော့ဘူး မင်းလွတ်လွတ်လပ်လပ်နေလို့ရပြီ "

yibo တွေးလေပိုနာကျင်လေ ကျိရန်စကားတွေကတကယ်အမှန်တွေပဲလေ သူ zhan မရှိရင်ပျော်နိုင်မယ်ထင်ခဲ့တာ အခုသူမပျော်ဘူး zhan အနားမှာရှိနေတာမှသူပျော်ရတာ

" yibo မင်းအခုသိပြီလား မင်း zhan ကိုအဝေးရောက်အောင်မင်းကိုယ်တိုင်ပဲပို့လိုက်တာ နောက်တစ်ခါထပ်မမှားနဲ့တော့ yibo နောင်တမရဖို့မျှော်လင့်ပါတယ် "
ကျိရန်က နှစ်သိမ့်ပေးနေပေမယ့် xiao zhan အနားမှာမရှိတော့ဘူးဆိုတဲ့အတွေးက yibo ကိုအကြိမ်ကြိမ်နာကျင်စေတယ်
xiao zhan ရဲ့မျက်နှာကိုမြင်ယောင်လာလေလေ သူပြောတဲ့စကားတွေပြန်ကြားရလာလေလေ မျက်ရည်တွေကျဆင်းလာလေဖြစ်နေတော့တယ်

6 years later,
နှစ်တွေကြာသွားပေမယ့် အရာအားလုံးက အရင်ကထက်ပြောင်းလဲသွားတာသိပ်မရှိခဲ့ဘူး
yibo college ရောက်လာပေမယ့် အခန်းဖာ်လေးယောက်နဲ့ခုချိန်ထိတူတူပဲမလို့ ထွေထွေထူးထူးပြောင်းလဲတာမျိုးမရှိခဲ့ဘူး
ရင့်ကျက်လာတယ်ထင်ရပေမယ့် yibo ကခုထိကလေးဆန်နေတုန်း
ပိုပြီးချောလာပေမယ့် ပါးဖောင်းဖောင်း နှာခေါင်လုံးလုံးလေးတွေကခုထိမပျောက် ချစ်ဖို့ကောင်းမြဲ

I am your ALPHA and you are my OMEGAWhere stories live. Discover now