yibo လဲအဝတ်အစားလဲ ပြီးတာနဲ့အောက်ထပ်ကိုဆင်းလာခဲ့တယ် ။
ထမင်းစားခန်းထဲရောက်တော့ xiao zhan က yizhan လေးကိုနံနက်စာခွံ့ကျွေးနေတာတွေ့တော့ yibo လဲ xiao ဘေးမှာပဲဝင်ထိုင်လိုက်တော့တယ် ။
yibo ကမြင်တာနဲ့ yizhan လေးက လက်လေးနှစ်ဖက် ကမ်းပေးပြီး yibo ကိုချီခိုင်းတယ် ။ yibo လေးကလဲ yizhan လေးကိုချီလိုက်ပြီးပေါင်ပေါ်မှာတင်ထားလိုက်တယ်။ xiao zhan ကတော့ ကလေးကို ခွံကျွေးလိုက် yibo ကိုခွံကျွေးလိုက်နဲ့ အလုပ်ရှုပ်နေလေတယ် ။ ချစ်ဖို့ကောင်းလိုက်တဲ့မိသားစုလေး....တီ.....တီ.....တီ...
အိမ်ရှေ့မှာကားရပ်သံကြားတာနဲ့ မားနှစ်ယောက်ကတော့ စားနေတဲ့မုန့်တွေကော်ဖီတွေချပြီး အိမ်ရှေ့ကိုတန်းပြေးတော့တယ်
" Hubby "
"Honey "
မားနှစ်ယောက်ကတော့ သူတို့ခင်ပွန်းတွေမြင်တာနဲ့ပြေးဖက်ပြီးအလွမ်းသယ်နေကြတော့တယ်
ကလေးတွေကတော့ မကြီးမငယ် အလွမ်းသယ်နေကြတဲ့အချစ်ငှက်တွေကို ကြည့်ပြီး ပြုံးနေကြတော့တယ်။
ဝမ်ပါးက ဟွိုက်ခွမ်းနဲ့ yibo ကိုလဲဖက်ရင်း
"သားတို့ကိုလဲ ပါးကလွမ်းနေတာ "
" ပါး...သားတို့ကလဲလွမ်းနေတာ "ရှောင်းပါးကတော့ xiao zhan ကိုမြင်တော့..
" နေကောင်းတယ်မလား zhan "
" ကောင်းပါတယ် ပါး "
" အခြေအနေဘယ်လိုလဲ မင်းရဲ့.... "
ရှောင်းပါးကဆက်မပြောပဲ စကားကိုရပ်လိုက်တော့ xiao zhan ကပဲစကားကိုဆက်လိုက်တယ်
"Aiyoo ပါး, စိတ်ထဲသိပ်မထားပါနဲ့ ၊ အေးဆေးပေါ့ ၊ ကျွန်တော်ကလွယ်လွယ်တော့မသေနိုင်ပါဘူး "xiao zhan ကပေါ့ပေါ့ပါးပါးရယ်မောပြောလိုက်ပေမယ့် မရယ်နိုင်သူကတော့ ရှောင်းပါး
" ဒါပေမယ့် zhan ၊ အဲ့တာကမင်းရဲ့...... "
" ပါး ကျွန်တော်တို့ရဲ့ရန်သူကိုအရင်ဖြေရှင်းရအောင် ၊ ကျွန်တော့်ရဲ့ပြသာနာကိုတော့ နောက်မှရှင်းကြတာပေါ့ "
" zhan မင်းကတော့လေ ၊ မင်းကိုယ်မင်းထက် သူများကိုပဲအရင်တွေးပေးနေတော့တာပဲ "
ရှောင်းပါးကတော့ သူ့သား ကဲကဲသဲသဲကိုမနိုင်တာကြောင့် အိမ်ထဲသာဝင်သွားတော့တယ်။
xiao zhan ကတော့ ဝမ်ပါးနဲ့စကားပြောနေတဲ့သူ့အသဲအသက်လေး yibo ကိုလှမ်းကြည့်ရင်း တိုးတိုးလေး...
" ငါမင်းကိုချစ်တယ် yibo "xiao zhan နဲ့ wang yibo အရွယ်ရောက်လာတာနဲ့အမျှ ရှောင်းအိမ်တော်ရော ဝမ်အိမ်တော်ပါ သတိကြီးကြီးထားနေရတော့တယ် ။
ပါးတို့ရော အကိုတွေပါ တစ်ယောက်မဟုတ်တစ်ယောက်အမြဲအိမ်မှာပဲနေကြတော့တယ် ။
ရန်သူ့ဘက်ကလဲတိုက်ခိုက်လာတော့မှာ အသေအချာပဲလေ ။ yibo ဆိုရင်မကြာသေးခင်ကမှ သူရဲ့ဒုတိယပုံစံကိုပြောင်းလို့ရသွားတာ ။
မိသားစုစုံညီ အစည်းအဝေးလုပ်ကြတော့ အကုန်လုံးကကြောက်စိတ်ဝင်နေကြတယ် ၊ တိုက်ပွဲလေ ပျော်ပွဲရွှင်ပွဲမှမဟုတ်တာ။
yibo ကတော့အဆိုးဆုံး ဝမ်လျှိုဟန်ကသူ့ကိုလိုချင်နေတယ်ဆိုတာ ကြားကြားချင်း သူ့ကိုယ်လုံးလေးက တသိမ့်သိမ့်တုန်လာခဲ့တာ ။ xiao zhan အနားမှာရှိနေလို့တော်သေးတယ်ဆိုရမယ် yibo ကိုရင်ခွင်ထဲထည့်ထားရင်း သူ့ကာကွယ်ပေးမှာ ၊ ဘယ်လိုအခြေအနေပဲရောက်ရောက် လက်လွှတ်မှာမဟုတ်ကြောင်းတဖွဖွပြောပြတော့မှပဲ yibo က xiao zhan ရင်ခွင်ထဲမှာပဲအိပ်ပျော်သွားတော့တယ် ။
xiao zhan လဲ yibo ကိုပွေ့ချီပြီး yibo အခန်းထဲကိုပို့ပေးလိုက်တယ် ၊ အိပ်ပျော်နေတဲ့ကောင်လေးမနိုးအောင် ကုတင်ပေါ်နူးနူးညံ့ညံ့လေးချပေး စောင်သေချာခြုံပေးပြီးမှ xiao zhan အောက်ထပ်ကိုပြန်ဆင်းလာခဲ့တယ်။
YOU ARE READING
I am your ALPHA and you are my OMEGA
Fanfic" yibo. အခုရောအနာဂတ်မှာရော မင်းကငါ့ရဲ့တစ်ဦးတည်းသော omega လေးဖြစ်ပေးမယ်လို့ကတိပေးနိုင်မလား " " မင်းငါ့ကိုလိမ်တယ် yibo ငါတို့ရဲ့ကတိကိုမင်းဖျက်တယ် ငါမင်းကိုမုန်းတယ် yibo " zhanyi fan fiction Transalation