တိုက်ခိုက်နေကြတဲ့သူအားလုံးပါအလန့်တကြားငြိမ်သက်ကုန်ကြတယ် ။
ဘာလို့လဲဆိုတော့ သူတို့ခေါင်းဆောင်ရဲ့ omega လေးက ဝမ်ချောင့်လက်ထဲမှာ။ဝေ့ရင်းရဲ့မျက်လုံးတွေဟာရုပ်ချည်းဆိုသလိုအနက်ရောင်ပြောင်းပြီး တိုက်ခိုက်ဖို့ပြင်ပေမယ့် ဝေ့ပါးကတားလိုက်တာကြောင့် သူ့စိတ်ကိုထိန်းချုပ်လိုက်ရတယ် ။
သူသာတိုက်ခိုက်ခဲ့ရင်အသိစိတ်လွတ်ပြီးအကုန်လုံးကိုထိခိုက်နိုင်တာကြောင့်ပဲ ။သူ့ကိုမထိနဲ့ အခုချက်ချင်းလွှတ်စမ်း မဟုတ်ရင် ငါ့လက်ထဲက ဒီမိန်းမရဲ့လည်ပင်းချက်ချင်းပြတ်ထွက်သွားမယ်
ဝေ့ရင်းရဲ့စကားအဆုံး အကုန်လုံးကအလန့်တကြားကြည်ကြတော့ တကယ်ပဲ ဝမ်ချောင်ရဲ့ mate ဖြစ်တဲ့ omega အမျိုးသမီးက ဝေ့ရင်းလက်ထဲမှာ။စိတ်အပူနေဆုံးကတော့ လန်ကျန့်ပါဘဲ ။ ဘာလို့ဆိုဝေ့ရင်းက ဒေါသထွက်ပြီး ရက်စက်တဲ့လုပ်ရပ်တွေ လုပ်မိတော့မှာ သူဝေ့ရင်းကိုဒါမျိုးမဖြစ်စေချင်ဘူး ။
ငါ့ကိုလွှတ်ပေးပါ ဝေ့ရင်းကိုငါတားမှဖြစ်မှာ
လန်ကျန့်ရဲ့စကားကို ဝမ်ချောင်နားထဲမရောက် ။ သူ့စိတ်တွေက ဝေ့ရင်းလက်ထဲကသူ့ရဲ့မိန်းမဆီမှာ ။
သူဒီကောင်မလေးကိုမချစ်ပေမယ့်ဘာပဲဖြစ်ဖြစ် သူတို့ကဇနီးမောင်နှံတွေမလား အချိန်အကြာကြီးတူတူရှိလာခဲ့ကြတာ ။Help me.ကျေးဇူးပြုပြီး ငါ့ငါ့ကိုမသတ်ပါနဲ့ ငါ့မှာကိုယ်ဝန်ကြီးနဲ့
ဝေ့ရင်းက မဲ့ပြုံးပြုံးလို့သာနေတယ်
ဒါတွေသူနဲ့မဆိုင်ဘူး သူ့အတွက်အရေးကြီးဆုံးကလန်ကျန့်ဘေးကင်းဖို့
လန်ကျန့်သာတစ်ခုခုထိခိုက်ခဲ့ရင် အကုန်လုံးကိုပြာချပစ်ဖို့ သူဝန်မလေးဘူး ။ဝမ်ချောင်လဲနောက်ဆုံးတော့ လန်ကျန့်ကိုလွှတ်ပေးလိုက်ရတော့တယ် ။
လန်ကျန့်လဲရိပေါ်ဆီအပြေးအလွှားပြေးပြီး စိတ်လျော့ဖို့ဖြောင်းဖြရတော့တယ် ။
ဝေ့ရင်း ငါ့ကိုကြည့် ငါဘာမှမဖြစ်ဘူးသိလား သူမကိုလွှတ်ပေးလိုက်တော့နော် ငါမင်းဘေးမှာရှိတယ်
လန်ကျန့် မင်းဘာမှမဖြစ်ဘူးနော် သေချာလား
ဒါပေါ့ ဝေ့ရင်းရဲ့ငါမင်းကိုဘယ်တုန်းကများလိမ်ဖူးလို့လဲ
YOU ARE READING
I am your ALPHA and you are my OMEGA
Fanfic" yibo. အခုရောအနာဂတ်မှာရော မင်းကငါ့ရဲ့တစ်ဦးတည်းသော omega လေးဖြစ်ပေးမယ်လို့ကတိပေးနိုင်မလား " " မင်းငါ့ကိုလိမ်တယ် yibo ငါတို့ရဲ့ကတိကိုမင်းဖျက်တယ် ငါမင်းကိုမုန်းတယ် yibo " zhanyi fan fiction Transalation