Part 22

556 51 5
                                    

yibo မြန်နိုင်သမျှမြန်မြန်ပြေးနေတော့တယ် ။ ပါးစပ်မှာ yyizhan လေးကို ကိုက်ထားတယ် ။ အမြှီးမှာတော့ zhan ရဲ့ wolf body လေးကိုမထိခိုက်မိအောင်ရစ်ပတ်ပြီး လျှို့ဝှက်စံအိမ်ရှိရာသို့ အပြေးလာနေတဲ့ညအဖြူရောင်ဝံပုလွေလေး

စံအိမ်ကိုရောက်တာနဲ့ ပြေးထွက်လာတဲ့ ဝမ်မားဆီ yizhan လေးကိုပေးခဲ့ပြီး
" ကျွန်တော်တို့အတွက် စိတ်မပူပါနဲ့ ၊ yizhan လေးကိုသာစောင့်ရှောက်ပေးပါ ၊ ကျွန်တော်တို့မြန်နိုင်သမျှမြန်မြန် ပြန်လာခဲ့ပါမယ် "
yibo စိတ်ထဲကနေ ဆက်သွယ်ပြီးအကုန်လုံးကြားရအောင် ပြောခဲ့လိုက်တယ် ။
အဲ့ဒီနောက် အဖြူရောင်ဝံပုလွေလေး က စံအိမ်အနီးအနားကတောအုပ်လေးထဲပြေးဝင်သွားတော့တယ် ။
ဝမ်မားလက်ထဲက yizhan လေးကတော့ အပြုံးချိုချိုလေးနဲ့ အားလုံးကိုပြုံးပြလျက် ၊ သူ့မိဘတွေမကြာခင်အဆင်ပြေသွားမှာပါပေါ့ ။

yibo သတိလစ်နေတဲ့ xiao zhan ရဲ့ ခန္ဓာကိုယ် လေးကိုချီလာပြီး တောအုပ်ထဲမှာနေစရာပတ်ရှာခဲ့တယ် ။
ကံကောင်းထောက်မစွာနဲ့ပဲ ဂူလေးတစ်ဂူတွေ့တော့ yibo လဲ ဝင်သွားခဲ့တယ် ။ နေရာထိုင်ခင်းကသိပ်တော့အဆင်မပြေလှဘူးပေါ့ ။
xiao zhan ရဲ့ wolf body လေးကိုဖြည်းဖြည်းချင်းအောက်ချပေးလိုက်ပြီး သေချာကြည့်မိတော့ ရင်ဘတ်နဲ့ ဝမ်းဗိုက်နားက ဓားဒဏ်ရာနှစ်ချက် ကိုတွေ့တယ် ။
yibo လဲ xiao zhan ရဲ့ဒဏ်ရာတွေကို လျှာနေဲ့လျက်ပေးပြီးသွေးတွေကိုသန့်စင်ပေးလိုက်တယ် ။
xiao zhan ရဲ့ ခန္ဓာကိုယ် သန့်ရှင်းသွားတော့မှ yibo လဲ ထင်းနဲ့သစ်သီးတွေရှာဖွေအတွက် ဂူထဲကထွက်လာခဲ့တယ်
တဖြည်းဖြည်း တောအုပ်ရဲ့အလယ်နားလောက်အရောက် စွန့်ပစ်ထားတဲ့သစ်သားအိမ်လေးတစ်လုံးတွေ့တယ်
သစ်သားအိမ်လေးက ဟောင်းနေပေမယ့် နေဖို့အတွက်အဆင်ပြေသေးတယ် ၊ တောထဲကထင်းခုတ်သမားနေခဲ့တဲ့အိမ်ခင်ပါရဲ့ သစ်သားလေးတွေနဲ့ အိမ်လေးကသပ်သပ်ရပ်ရပ်လေး ဆောက်ထားတယ် ၊ အခုတော့စွန့်ပစ်ထားတာ ကြာတော့ ဖုန်တွေတော့တက်နေပြီ

yibo လဲ xiao zhan ကိုပြန်ခေါ်ပြီး သစ်သားအိမ်လေးကိုရွှေ့လာခဲ့တယ် ။
xiao zhan ကိုဆိုဖာလေးပေါ်တင်ထားပေးပြီး yibo သူ့ရဲ့လူပုံစံပြန်ပြောင်းလိုက်တော့တယ် ။
xiao zhan ရဲ့ဒဏ်ရာတွေကိုမြင်ရပြန်တော့ yibo ဒေါသတွေပြန်ထွက်ရပြန်တယ်
" မင်းကို ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့အတွက် သူတို့ပြန်ပေးဆပ်စေရမယ် "
yibo ကြည့်နေတုန်းမှာပဲ ဒဏ်ရာတွေက သူ့ဘာသူဖြည်းဖြည်းချင်းပြန်သက်သာလာတာမြင်တော့ yibo ပျော်ရွှင်သွားတော့တယ် ။
ဒါပေမယ့် yibo ရဲ့အပြုံးတွေက xiao zhan ရဲ့ ဝမ်းဗိုက်တစ်နေရာကိုမြင်တော့ လုံးဝပျောက်ကွယ်သွားတော့တယ်
" အနက်ရောင် ကျိန်စာ "
yibo ငယ်ငယ်ကတည်းက ဝမ်အိမ်တော်ရဲ့စာကြည့်ခန်းထဲက စာအုပ်အကုန်နီးပါးဖတ်ဖူးတော့ ကျိန်စာအမှတ်အသားတွေအကြောင်း သူကောင်းကောင်းနားလည်တယ် ။ အခု ကျိန်စာအမှတ်အသားကအဆိုးဆုံးပဲမလား ။
အရင်ဘဝကတည်းက အကြောင်းအရာတစ်ခုက အခုဘဝအထိလိုက်လာတဲ့အခါမျိုး ဒီအမှတ်အသားကပါလာတတ်တာ

I am your ALPHA and you are my OMEGAWhere stories live. Discover now