Part 28

414 37 5
                                    

အခုတော့ လန်ကျန့်နဲ့ဝေ့ရင်း စာဖတ်ခန်းထဲမှာ နှစ်ယောက်တည်းပေါ့ ။
တဟ်ယောက်ကတော့ တစ်လောကလုံးကိုအပိုင်းစား ရထားသလိုပြုံးဖြီးနေပြီး နောက်တစ်ယောက်ကတော့ ရေခဲက တေ့ အဖေခေါ်ရလောက်အောင် အေးစက်နဲ့တဲ့မျက်နှာမျိုးနဲ့ ။
လန်ကျန့်တဲ့အေးစက်တဲ့မျက်နှာထားဆိုတာမျိုးကလေ ပါးလေးဖောင်းဖောင်း နှာခေါင်းလုံးလုံး နှုတ်ခမ်းလုံးလုံးလေးနဲ့ ။

" လန်ကျန့် မင်းငါ့ကိုမလွမ်းဘူးလား "
ဝေ့ရင်းခမျာ မျက်နှာငယ်လေးနဲ့ နှုတ်ခမ်းလေးဆူပြီးမေးသော်လည်း လန်ကျန့်ဆီက အကြည့်စူးစူးတစ်ချက်သာ ပြန်ရခဲ့တယ် ။
ဝေ့ရင်းကလဲ လွယ်လွယ်နဲ့အလျော့မပေး ၊ နောက်ကတောက်လျောက်လိုက်ပြီး ပွစိပွစိမေးနေတော့ လန်ကျန့်စိတ်မရှည်တော့ဘဲ ထအော်တော့တယ် ။
" မင်းနေရာမင်းထိုင်ပြီး စည်းကမ်းချက်တွေသွားကူးနေ... သွား "
ဝေ့ရင်းခမျာ မျက်နှာငယ်လေးနဲ့ သူ့ခုံလေးမှာထိုင်ပြီး စည်းကမ်းချက်တွေကူးနေရတော့တယ် ။

စာကူးတာနည်းနည်း လန်ကျန့်ကိုငေးတာများများ ။
လန်ကျန့်ကိုငေးရင်းငေးရင်းနဲ့ပဲ သူ့စိတ်တွေဟာ မရိုးမယွဖြစ်လာတော့တယ် ။
" ကျစ်...ဒါဘယ်လိုခံစားချက်ကြီးလဲ "
ဝေ့ရင်းအခုမှ သူ့ပါးပြောခဲ့တဲ့စကား တွေကို ပြန်သတိရလာတော့တယ် ။
ပုံမှန်မဟုတ်တဲ့ နှလုံးခုန်သံတွေ ၊ကမ္ဘာကြီးရပ်တန့်သွားသလိုခံစားချက်တွေ ၊ ပြီးတော့ ဗိုက်ထဲမှာ လိပ်ပြာအကောင်တစ်ထောင်လောက်ရောက်နေသလိုပဲ ။
ဒီလက္ခဏာတွေအရ သာဆိုရင် လန်ကျန့်ကသူ့ရဲ့လက်တွဲဖော်ဖြစ်လာမယ့် omega လေးလား ။

စိတ်တွေဝေခွဲမရဖြစ်နေတာကြောင့် ပိုသေချာအောင် လပြည့်ညရောက်ဖို့ကိုသာ စောင့်ဖို့ဆုံးဖြတ်လိုက်တော့တယ် ။
လပြည်ညတိုင်းမှာ alpha တစ်ယောက်ဟာသူ့ရဲ့ ကြင်ယာ omega လေးကို လမင်းရဲ့အကူအညီနဲ့ ရှာတွေ့လေ့ရှိကြတယ် ။
ဒီတစ်ခေါက်လပြည့်ညက ဝေ့ရင်းအလှည့် ။

ဝေ့ရင်းလဲ စာဆက်ကူးနေရင်းကနေ ခဏနားပြီးလန်ကျန့်ကိုတစ်ဝကြီးထိုင်ငေးနေတော့တယ် ။
" မင်းကအရမ်းလှတာပဲ ၊ ငါ့နတ်ဘုရားလေး "
" ဝေ့ရင်း စာရေး မငေးနဲ့ "
" ဟုတ်ကဲ့ အလှလေးရဲ့အမိန့်တော်အတိုင်းပါပဲ "

I am your ALPHA and you are my OMEGAWhere stories live. Discover now