နေ့ရက်တွေ တဖြည်းဖြည်းပြောင်းလဲ လာတာနဲ့အမျှ လန်ကျန့်နဲ့ဝေ့ရင်းတို့ကြား ဆက်ဆံရေးဟာပိုမိုကောင်းမွန်လာခဲ့တယ် ။
လန်ကျန့်ကလဲ ဝေ့ရင်းကို ဝေ့ဝူရှန့်လို့မခေါ် တော့ဘဲ ဝေ့ရင်းလို့သာခေါ်လာတယ် ။
ဝေ့ရင်းကလဲ လန်ကျန့်ဆိုတဲ့ နာမည်ကိုတရားဝင်ခေါ်ခွင့်ရခဲ့တယ် ။ပိုရင်နှီးလာတာလဲမပြောနဲ့လေ ဝေ့ရင်းကနေ့တိုင်းတစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် အပြစ်တွေလုပ်ပြီး လန်ဂိုဏ်းချုပ်ကြီးဆီကနေ အပြစ်ပေးခံရအောင်နေနေတာကို ။
သူအပြစ်ပေးခံရတိုင်း လန်ကျန့်ကိုသူနဲ့တူတူရှိနေမှာလေ ။တစ်နေ့တော့ ဝေ့ရင်း ကူးစူးလန်ရဲ့ ဥယျာဥ်လေးထဲမှာထိုင်နေတုန်း လန်ကျန့်သူ့ဘေးနားကိုရောက်လာခဲ့တယ် ။
"ဝေ့ရင်း မင်းမကြာခင်မှာ မင်းရဲ့ omega လေးက ဘယ်သူဆိုတာကိုသိရတော့မယ်မလား "
" အမ်.....အမှန်တော့ သူဘယ်သူလဲဆိုတာငါသိပြီးသားပါ ၊ ဒါပေမယ့်ပိုသေချာချင်လို့ ငါ လ ကိုစောင့်နေတာ "
ဝေ့ရင်းတစ်ယောက် လန့်ကျန့်ရဲ့အလှကို တမေ့တမောကြီးငေးမောနေမိတော့တယ် ။
လေညှင်းအဝှေ့ တိုးခက်သွားတဲ့ဆံနွယ်လေး ၊အလုအယက်ခစာနေတဲ့နေပျောက်လေးတွေကြားမှာ omega အလှလေးလန်ကျန့်ဟာ နတ်ဘုရားတစ်ပါးအလား ။" မင်းသူနဲ့တွေ့ရင် ပထမဆုံးဘာလုပ်မလဲ "
"ငါသူ့ကိုပြေးဖက်မယ် ပြီးရင်ငါသူ့ကိုဘယ်လောက်ချစ်ကြောင်း တရားဝင်ပြောမယ် "
ဝေ့ရင်းစကားကိုကြားရတဲ့အခါ လန်ကျန့်ဟာခေါင်းလေးငုံ့သွားပြီး ပါးလေးနှစ်ဖက် ရဲတက်လာတော့တယ် ။
" အင်းပါ "
" မင်းကရော ဘယ်လိုလဲ လန်ကျန့် "
" ငါသူ့ကိုသိတယ် "
" မင်းသူ့ကိုချစ်လား "
" ချစ်တယ် "နှစ်ယောက်လုံးကြားထဲ စကားသံတွေဟာပြန်လည်တိတ်ဆိတ်သွားပြန်တယ် ။
စိတ်ထဲမှာ ကြည်နူးမှု့ကိုယ်စီနဲ့ ၊ တစ်ယောက်ကိုတစ်ယောက်ကြင်ယာဖက်မှန်း သိနှင့်နေပြီသားမလား ။
ဝေ့ရင်းစိတ်ထဲမှာလဲ ပျော်ရွှင်ခြင်းနဲ့အတူ စိုးရိမ်စိတ်အနည်းငယ်ဝင်လာမိတယ် ။
" သေချာဆုံးဖြတ်ပါ ၊ နှလုံးသားရဲ့အသံကိုနားထောင်ပြီးလိုက်နာပါ "
ဝေ့ရင်းရဲ့ wolf က သတိပေးလာတဲ့အခါ ဝေ့ရင်းထိတ်လန့်မိတာတော့အမှန်ပဲ ။
ဒါပေမယ့် ဘာတွေပဲ ဖြစ်လာဖြစ်လာ သူလန်ကျန့်ကိုမစွန့်လွှတ်နိုင်တာလဲ အမှန်ပဲ ။
YOU ARE READING
I am your ALPHA and you are my OMEGA
Fanfic" yibo. အခုရောအနာဂတ်မှာရော မင်းကငါ့ရဲ့တစ်ဦးတည်းသော omega လေးဖြစ်ပေးမယ်လို့ကတိပေးနိုင်မလား " " မင်းငါ့ကိုလိမ်တယ် yibo ငါတို့ရဲ့ကတိကိုမင်းဖျက်တယ် ငါမင်းကိုမုန်းတယ် yibo " zhanyi fan fiction Transalation