Part 21

511 49 5
                                    

yibo ရဲ့စိတ်တွေအကုန်လုံးက အခုချိန်မှာ ထိန်းချုပ်ရအခက်ဆုံးအနေအထားကိုရောက်နေခဲ့ပြီ ။
" Sir ကျွန်တော် ဒီနေရာအထိပဲပို့ပေးလို့ရမယ် ၊ ရှေ့နားက ကားတွေဖြတ်လို့မရဘူး "
yibo လဲ ခေါင်းလေးညိမ့်ကာ ပိုက်ဆံရှင်းခဲ့ပြီး ကားထဲကထွက်လာခဲ့တယ် ။
ကားထဲက yibo.ထွက်သွားတာနဲ့ driver က contact တစ်ခုကိုနှိပ်လိုက်ပြီး ဖုန်းခေါ်လိုက်တယ် ။
" သူရောက်ပြီ "
" မင်းတော်တယ် "
yibo လဲတောစပ်နားကလမ်းလေးအတိုင်းလျောက်လာခဲ့တယ် ။
လျောက်လာရင်း တစ်နေရာရောက်တော့ တောထဲကိုဝင်တဲ့လမ်းခွဲလေးတစ်ခု..
လမ်းခွဲလေးရဲ့အဆုံးမှာတော့ ကြီးကျယ်ခမ်းနားလှတဲ့ စံအိမ်ကြီးတစ်ခု ။
yibo သဘောပေါက်လိုက်ပြီး ဒါဘယ်နေရာလဲဆိုတာ...
yibo လဲ မြန်နိုင်သမျှ မြန်မြန် တွေဝေမနေဘဲ လမ်းအတိုင်းပြေးဝင်လာခဲ့တယ် ။ လမ်းဝက်လောက်ရောက်တဲ့အခါမှာ တိုက်ခိုက် နေ တဲ့အသံတွေ ၊ မာန်ဖီနေတဲ့အသံတွေ ၊ အော်ဟစ်နေတဲ့အသံတွေ ကြားနေရတော့ yibo ရဲ့စိုးရိမ်စိတ်တွေက အထွဋ်အထိပ်မှာ ။

"H....e.....l.....p"
အသံလာရာကို ကြည့်တော့ ဒဏ်ရာအပြင်းအထန်ရထားတဲ့လူနှစ်ယောက်
" ဟောက်ရွှမ်း??? "
ဟောက်ရွှမ်းနဲ့ နောက်ထပ်လူတစ်ယောက် ။ ဟောက်ရွှမ်းကတော့ ဒဏ်ရာရထားပေမယ့် သိပ်တော့မဆိုးသေး ။
yibo ရဲ့အသံကိုကြားတော့ လှဲနေရာကနေ ဟောက်ရွှမ်းအားယူပြီးထလာတယ် ။
" wang yibo မင်းဒီမှာဘာလုပ်နေတာလဲ "
" ဘာတွေဖြစ်လာတာလဲ ၊ မင်းတို့ကဒီကိုဘယ်လိုရောက်လာတာလဲ ၊ zhan ရော zhan ဘယ်မှာလဲ "
yibo အနီးအနားမှာ xiao zhan များရှိမလား ဝေ့ဝဲရှာပေမယ့်မတွေ့
" wang yibo မင်းဒီမှာမရှိသင့်ဘူး ၊ ဘာလို့လိုက်လာတာလဲ ၊ မင်းဒီမှာရှိနေတာသာ xiao zhan သိရင်ငါ့ကိုသတ်လိမ့်မယ် "
" xiao zhan ဘယ်မှာရှိလဲအခုချက်ချင်းမပြောရင် မင်းကိုသတ်မယ့်သူက ငါဖြစ်သွားလိမ့်မယ် ဝမ် ဟောက် ရွှမ်း "

ဟောက်ရွှမ်းလဲ တားမရတဲ့အဆုံးစိတ်လျော့လိုက်ရတော့တယ် ။
" ငါတို့ကို ဒီကိုပို့ပြီး သူအထဲကိုပြန်ဝင်သွားတယ် ။ လိုက်မသွားပါနဲ့ yibo, xiao zhan ဖြေရှင်းနိုင်တယ် "
တားမရမှာသိပေမယ့်လဲ နောက်ဆုံးအကြိမ်ဖြစ်ဖြစ် ဟောက်ရွှမ်းတားမိတယ် ။ yibo ဘယ်လိုလုပ်မသွားပဲနေနိုင်မှာတဲ့လဲ ။ zhan ကအထဲမှာ တစ်ယောက်ထဲ ။စိတ်ချလက်ချထားရအောင် အချင်းချင်းလက်ဆွဲနှုတ်ဆက်နေကြမယ့်ပွဲမဟုတ်ဘူး ။
" No. .ငါသွားမှဖြစ်မယ် ၊ သူ့ကိုငါကူညီချင်တယ် "
yibo သူ့လက်ထဲက yizhan လေးကိုဟောက်ရွှမ်းဆီကိုပေးခဲ့လိုက်ပြီး
" ခဏလောက်သူ့ကိုခေါ်ထားပေးပါ ၊ ငါ zhan ကိုပြန်ခေါ်လာခဲ့မယ် "
yizhan လေးရဲ့နဖူးကိုအနမ်းလေးပေးလိုက်ပြီး စံအိမ်ကြီးရှိရာဆီ yibo ပြေးလာတော့တယ် ။

I am your ALPHA and you are my OMEGAWhere stories live. Discover now