Part 5

771 66 0
                                    

yibo ထွက်သွားပြီးနောက်ပိုင်း xiao zhan ကဘယ်သူနဲ့မှစကားမပြောတော့ဘဲ အခန်းထဲမှာပဲနေတော့တယ်  သူအရမ်းဝမ်းနည်းတာပေါ့ yibo ကသူ့ကိုနှုတ်ဆက်စကားလေးတောင်မပြောခဲ့ဘူးလေ အရင်ကစကားအရမ်းများတဲ့ကောင်လေးက တိတ်ဆိတ်လာတော့တယ် ရှောင်းပါးနဲ့မားကလဲ xiao zhan ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတယ်

တစ်နေ့တော့ ရှောင်းပါးက
" xiao zhan သား ပါးနဲ့ကိုရီးယားကိုလိုက်ခဲ့မလား ဟိုမှာကျောင်းဆက်တက်လေ ဘယ်လိုလဲ "
xiao zhan ကတော့ခေါင်းကိုတွင်တွင်ခါလျက်
"သားမသွားချင်ဘူး ပါး သားအတွက်စိတ်မပူပါနဲ့ "
ရှောင်းပါးကတော့သားရဲ့မျက်နှာကိုကြည့်တာနဲ့သားခံစားနေရတာတွေနားလည်နိုင်တာမို့ သက်ပြင်းသာချနေမိတယ်

" ပါး သားတစ်ခုလောက်တောင်းဆိုလို့ရမလား "
" ဘာများလဲသားရဲ့ "
" နောက်နှစ်ကျရင် yibo ရဲ့ကျောင်းကိုပြောင်းချင်တယ် "
" သားကဘာလို့အဲ့မှာတက်ချင်တာလဲ "
" ဘာလို့လဲဆို တော့......"
" okay သား ပါးခွင့်ပြုမယ် ဒါပေမယ့် သားအထက်တန်းပြီးတာနဲ့ပါးနဲ့ကိုရီးယားလိုက်ခဲ့ရမယ် သဘောတူလား "
xiao zhan ဝမ်းနည်းစွာနဲ့ပဲခေါင်းငြိမ့်ပြတယ်

အဲ့ဒီနောက်ပိုင်းတော့ xiao zhan အရင်လို ပျော်ရွှင်တဲ့ကလေးတစ်ယောက်ပြန်ဖြစ်လာခဲ့တယ်
သူ့ရင်ထဲက yibo ကတော့ဘယ်တော့မှမေ့မရခဲ့ဘူး
အိမ်နားပတ်ဝန်းကျင်မှာ သူငယ်ချင်းအသစ်တွေလဲရလာတယ်
ဝမ်ဟောက်ရွှမ်းနဲ့ ကင်ဘို့ဘယ်
ကင်ဘို့ဘယ်ကမကြာခင်ကမှ ကိုရီးယားကနေပြောင်းလာတဲ့ကောင်လေး သူတို့ထဲမှာအငယ်ဆုံး လေးပေါ့ ပြီးတော့သူက omega
ဝမ်ဟောက်ရွှမ်းကတော့ xiao zhan နဲ့ရွယ်တူ သူကတော့ alpha ပေါ့

" xiao zhan ဒီနေ့မင်းငြိမ်နေပါ့လား "
" ahhhh sorry ငါမင်းတို့ကိုဘယ်လိုပြောပြရမလဲစဥ်းစားနေတာ "
" ဘာပြောမလို့လဲ zhan "
" ငါ နောက်နှစ်ကျောင်းပြောင်းတော့မလို့ "

ဟိုနှစ်ယောက်အကြီးအကျယ် shock ရသွားတော့တယ်
" နောက်နှစ်...ဒါဆိုနောက်လကျောင်းဖွင့်ရင်သွားတော့မှာပေါ့ "
xiao zhan ခေါင်းငြိမ့်ပြတယ်
ဘို့ဘယ်က " zhan ge မင်းငါ့ကိုဒိအရူးကောင်နဲ့ထားခဲ့ တော့မှာလား "
" ဘာ..ငါ့ကိုအရူးလို့ပြောတာလား "

I am your ALPHA and you are my OMEGAWhere stories live. Discover now