Part 1

1.6K 105 0
                                    

အထုတ်တွေပြင်ဆင်ပြီးတဲ့နောက် သူတို့တွေက ကားနဲ့ထွက်လာခဲ့တယ်  ကျစ်ယန်ကကားမောင်းလာခဲ့တယ်

"ဘယ်သွားကြမလဲ ကျစ်ယန် "
"ငါရဲ့အိမ်တော်ကိုသွားကြရအောင် ဖန်းမျန်ကအကြောင်း ကြားထားပေးမယ်ပြောတယ် "
၆နာရီလောက် ကြာအောင်မောင်းပြီးတဲ့နောက် ကျစ်ယန်ရဲ့အိမ်ကိုရောက်ခဲ့ကြတယ်
သူတို့ရောက်လာတာနဲ့အိမ်တော်ထိန်းကသူတို့ကိုအထုတ်တွေကူချပေးပြီး ကြိုဆိုခဲ့တယ်
" Oh my god! ယွီ နဲ့ယန် မင်းတို့ရောက်လာပြီဘဲ လာ..လာ ဒီမှာလာထိုင်ကြ မင်းတို့ဘေးကင်းကင်းနဲ့ရောက်လာမှဘဲ ငါစိတ်အေးရတော့တယ် ဒါနဲ့ဘယ်လိုဖြစိလာကြတာလဲ ဖန်းမျန်က ငါ့ကိုမင်း တို့လာမယ်ပဲ ပြောပြီးဘာမှမပြောသွားဘူး "
ကျစ်ယန်ရဲ့အမေ မဒမ် ချွမ်းက မေးခဲ့တယ်

" မား.. ကျွန်မတို့လဲဘာမှမသိဘူး သူတို့က ကျွန်မတို့ကိုကလေးတွေခေါ်ပြီး လုံခြုံရတဲ့နေရာကိုသွားနေဖို့ပဲ ပြောပြီးဒီကိုလာခိုင်းတာ "

"ဟုတ်ပါပြီ ဒါဆိုလဲ မင်းတို့အတွက်အခန်းပြင်ထားပြီးပြီ သွားနားကြ တော့လေ မင်းတို့နှစ်ယောက်လုံးက ကိုယ်ဝန်သည်တွေဆိုတော့ ဂရုစိုက်ကြဦး ကလေးတွေကိုငါကြည့်ပေးမယ် စိတ်မပူနဲ့ "

ကျစ်ယန်နဲ့လန်ယွီလဲအပေါ်ထပ်ကိုတက်လာခဲ့ကြတယ်
"စိတ်မပူပါနဲ့ သူတို့မကြာခင်လိုက်လာမှာပါ စိတ်ညစ်စရာတွေမတွေးနဲ့နော် ငါတို့မွေးဖွားရမယ့်ရက်ကနီးလာပြီမလား " ကျစ်ယန်ကပြောရင်းလန်ယွီကိုဖက်ပြီးနှစ်သိမ့်ပေးခဲ့တယ်

" အင်းပါ ငါသွားနားတော့မယ်နော် "
လန်ယွီလဲသူမအခန်းထဲကိုဝင်သွားပြီးအနားယူလေတော့တယ်

တစ်ပတ်ကြာပြီးနောက်
ကလေးတွေလဲ ပတ်ဝန်းကျင်အသစ်နဲ့နေသားတကျ ဖြစ်လာပြီ အခုတော့ခြံထဲမှာ ပြေးလွှားဆော့နေကြလေတယ် လန်ယွီနဲ့ကျစ်ယန်ကတော့ အရိပ်အောက်ကဒန်းလေးပေါ်ထိုင်ရင်း ကလေးတွေကိုကြည့်ပြီး ပျော်ရွှင်နေကြတယ်

အဲ့အချိန်မှာဘဲ ကျစ်ယန်ရဲ့ ဗိုက်က တဖြည်းဖြည်းနာကျင်လာတာကိုသူမသတိထားခဲ့မိတယ် သူမစိတ်ကိုလျော့ပြီးအသက်ရှုဖို့ကြိုးစားပေးမယ့် နာကျင်မှု့ကပိုဆိုးလာတာကြောင့်သူမ မခံနိုင်တဲ့အဆုံး
" Ahhhhhhh. .."
ကျစ်ယန်ရဲ့အော်သံကိုကြားတဲ့အခါကလေးတွေရော မဒမ်ချွမ်းရော ပြေးလာခဲ့ကြတယ်

I am your ALPHA and you are my OMEGAWhere stories live. Discover now