နေ့တွေပြောင်းလဲလာလိုက်တာ ဒီနေ့ဆိုရင် ကျန်းချန်နဲ့ဝေ့ရင်း ကူးစူးကိုပညာသင်သွားရတော့မယ်နေ့ ရောက်လာခဲ့ပြီ ။
နှစ်ယောက်လုံးဟာ စိတ်လှုပ်ရှားမှု့ကိုယ်စီနဲ့ ။
လူကြီးတွေကလဲ အစစအရာရာ ဂရုစိုက်ကြဖို့ ထပ်ခါထပ်ခါမှာကြားနေတော့တယ် ။" ဝေ့ရင်း ကျန်းချန်ကိုစောင့်ရှောက်ပေးပါဦး "
" စိတ်မပူကြပါနဲ့ ၊ ကျွန်တော်ဝေ့ဝူရှန့် ကျွန်တော့်ရဲ့ညီငယ်လေး ကျန်းချန်ကို စောင့်ရှောက်ပါ့မယ် "
ကျန်းချန်ကတော့ မျက်စောင်းကြီးနဲ့ ။
" သွားကြတော့လေ ခရီးကဝေးတယ်၊ ဂရုစိုက်ကြပါသားငယ်တို့ "
" ပါးတို့လဲ ဂရုစိုက်ကြပါ "ဒီလိုနဲ့ ဝေ့ရင်းနဲ့ ကျန်းချန် ကျန်းဂိုဏ်းကနေ ထွက်လာခဲ့ကြ တေ့တယ် ။
မြို့ပေါင်းများစွာကို တစ်ညနဲ့တစ်ရက် ခရီးနှင်ပြီးတဲ့နောက် သူတို့ကူးစူးကိုရောက်လာခဲ့ကြတော့တယ် ။
ကူးစူးကို ရောက်ရောက်ချင်းမှာပဲ ဝေ့ရင်းဟာ ကျန်းချန်ရဲ့ဒေါသတကြီး အော်ငေါက်ခြင်းကို ခံလိုက်ရတော့တယ် ။
အကြောင်းက ကူးစူးရဲ့နာမည်ကြီး ဧကရာဇ်ပြုံးဝင့် သေရည်ကိုသွားဝယ်ပြီးသောက်နေတဲ့ ဝေ့ဝူရှန့်ကြောင့်ပင် ။" ဝေ့ဝူရှန် ငါမင်းကိုလမ်းမှာတည်းက ကူးစူးရဲ့စည်းကမ်းတွေကို အကြိမ်ကြိမ်ပြောထားပြိးပြီလေ ။ကူးစူးမှာသေရည်သောက်ခြင်းကို တားမြစ်ထားတယ်လို့ ၊ အခုချက်ချင်းလွှင့်ပစ်လိုက် "
" ကျန်းချန် စိတ်လျော့ပါကွာ မင်းမပြောရင် ဘယ်သူသိမှာမလို့လဲ"နှစ်ယောက်သား တောင်အောက်မှာ ရန်ဖြစ်နေကြတုန်းမှာပဲ ကူးစူးရဲ့သခင်လေးနှစ်ယောက် တောင်အောက်ကို ဆင်းလာတယနဲ့တွေ့တော့တယ် ။
" သခင်လေးကျန်း ၊ သခင်လေးဝေ့ တွေ့ရတာဝမ်းသာပါတယ် ၊ အားလုံးအထဲမှာ ရောက်နှင့်နေပါပြီ ကျွန်တော်တို့နောက်လိုက်ခဲ့ပါ "
လန်ရှီးချန်က နှုတ်ဆက်ခရီးဦးကြိုပြုပေမယ့် လန်ကျန့်ကတော့ ဘာတစ်ခွန်းမှမဆိုဘူး ။
ကျန်းချန်နဲ့ ဝေ့ရင်း တောင်ပေါ်ရောက်သွားတဲ့အခါ မြင်ရတဲ့မြင်ကွင်းတွေက သူတို့ကမှင်သတ်စေတယ် ။
တောင်ပေါ်တက်လာတဲ့လမ်းတစ်လျောက် ရေတံခွန်လေးရော စမ်းချောင်းလေးပါ တွေ့ခဲ့ရတဲ့အပြင် တောင်တက်လမ်းမှာပါ ဝါးပင်လေးတွေကအစီအရီ ။
တောင်ပေါ်ရောက်တဲ့အခါမှာလဲ အဆောင်လေးတွေအားလုံးဟာတစ်ထပ်ဆောင်လေးတွေ ဖြစ်တဲ့အပြင် အဖြူနဲ့အပြာ ကိုသာရောယှက်ပြီး တည်ဆောက်ထားတာကြောင့် မျက်စိပဒါသ ဖြစ်လှတယ် ။
YOU ARE READING
I am your ALPHA and you are my OMEGA
Fiksi Penggemar" yibo. အခုရောအနာဂတ်မှာရော မင်းကငါ့ရဲ့တစ်ဦးတည်းသော omega လေးဖြစ်ပေးမယ်လို့ကတိပေးနိုင်မလား " " မင်းငါ့ကိုလိမ်တယ် yibo ငါတို့ရဲ့ကတိကိုမင်းဖျက်တယ် ငါမင်းကိုမုန်းတယ် yibo " zhanyi fan fiction Transalation