Part 23

584 49 3
                                    

နောက်တစ်နေ့ မနက်ရောက်တော့ xiao zhan မနိုးခင် yibo အရင်နိုးလာခဲ့တယ် ။ တောအုပ်အလယ်ဆိုတော့ဘရာသီဥတုလေးက အေးစိမ့်စိမ့်ဖြစ်နေတာကြောင့် yibo လဲ မီးလင်းဖိုလေးနားမှာမီးဖိုပေးလိုက်တယ် ။
xiao zhan နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာလေးကိုကြည့်ပြီး yibo ကြည်နူးမိတယ် ။တစ်ဆက်တည်း ဒဏ်ရာတွေကိုမြင်တိုင်းလဲ ရင်နာရပြန်တယ် ။ xiao zhan ကသူ့ကိုကာကွယ်ဖို့အတွက် မကြောက်မရွံ တိုက်ခိုက်ခဲ့တာ ။

ခဏနေတော့ xiao zhan နိုးလာတယ် ။
yibo , xiao zhan ကိုငေးကြည့်ရင်းအတွေးလွန်နေတာတုန်း xiao zhan နိုးပြီးသူ့ဘက်လှည့်လာတာကြောင့် yibo ဟာသူခိုးလူမိသလို မျက်နှာလေးဟာ ခရမ်းချဥ်သီးဖြစ်လာတော့တယ် ။
" မင်းငါ့ကို ဒီအကြောင်းဘယ်တော့ ပြောပြမှာလဲ "
yibo က xiao zhan ရင်ဘက်နားလေးလက်ညှိုးထိုးမေးလာတယ် ။
xiao zhan လဲဘယ်နားကစပြောပြလို့ပြောပြရမှန်းမသိ သက်ပြင်းခိုးချနေမိတော့တယ် ။
ဒီနေ့မှမပြောရင်လဲ သူ့အသဲအသက်ကလေးက ရွှေစိတ်တော်ကောက်တော့မှာအသေအချာ။
နောက်ဆုံးတော့ yibo လက်လေးကိုဆွဲပြီးသူနားမှာလာထိုင်ခိုင်းလိုက်တော့တယ် ။
" okay, ကိုယ်ပြောပြမယ်နော် ၊ yibo baby ဒီမေးခွန်းကိုအရင်ဖြေ၊ လူဝင်စားတယ်ဆိုတာကိုယုံလား "
" အင်း...ငါယုံတယ် ၊ အဲ့အကြောင်းကို university မှာသင်ဖူးတယ် "
ခေါင်းလေးတညိမ့်ညိမ့်နဲ့ ပြန်ဖြေလာတဲ့သူ့အသဲလေးကြောင့် xiao zhan အသဲယားပြီးပါးလေးကို ဖစ်ညှစ်လိုက်တော့ yibo ကမျက်စောင်းထိုးတယ် ။ မျက်စောင်းထိုးတာတောင်ချစ်စရာကောင်းနေတဲ့ yibo ပါ။
" hehe, ကိုယ်စပြောပြတော့မယ်နော် ၊ ကိုယ်ပုံပြင်တစ်ပုဒ်ပြောပြမယ် "

Past Life
ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်တွေမပေါ်ပေါက်ခင် alphas, betas နဲ့ omegas တွေနေထိုင်ကြတယ် ။
သူတို့နေထိုင်တဲ့ ကမ္ဘာကြီးကိုဂိုဏ်း ၆ဂိုဏ်းက အသီးသီးခွဲဝေအုပ်ချုပ်ကြတယ် ။
ကူးစူးလန်ဂိုဏ်း -သူတို့က တောင် တွေကို အုပ်ချုပ်တယ် ။
ကျန်းဂိုဏ်း  -သူတို့က မြစ်တွေ ၊ ချောင်းတွေ ကိုအုပ်ချုပ်တယ် ။
လန်လင်ကျင်းဂိုဏ်း- သူတို့က မြို့ တွေကိုအုပ်ချုပ်တယ်။
ချန်းဟယ်နဲ့ဂိုဏ်း -သူတို့ကတော့ သဲကန္တာရ တွေကိုအုပ်ချုပ်တယ် ။
ချီစန်းဝမ်ဂိုဏ်း - သူတို့ကတော့ ကြောက်စရာအကောင်းဆုံးဂိုဏ်းတစ်ခု ၊ သူတို့က အုပ်ချုပ်တဲ့နေရာအပိုင်စားမရှိပေမယ့် သူများနယ်မြေတွေကို ကျူးကျော်ချင်တိုင်း ကျူးကျော်လေ့ရှိတယ် ။

I am your ALPHA and you are my OMEGAWhere stories live. Discover now