Part 10

750 62 0
                                    

xiao zhan အိမ်ပြန်လာတော့ မျက်နှာမကောင်းဘူး ကျောင်းသွားတုန်းကတော့ yibo နဲ့ date ရမှာဆိုပြီး သူပျော်နေခဲ့တာ
ဒိလိုဖြစ်လာမယ်လို့သူနည်းနည်းလေးမှထင်မထားမိခဲ့ဘူး
" သခင်လေး "
" Mr. Han ကျွန်တော့်ပစ္စည်းတွေပြင်ထားပေးပါ "
xiao zhan လဲပြောပြီးတာနဲ့အခန်းထဲဝင်သွားတယ်

Mr. Han လဲ zhan ဘာဖြစ်လာလဲမသိပေမယ့် အထုတ်တွေပြင်ပေးဖို့ပြောလာတာကြောင့် luggage တွေယူပြီး zhan ပစ္ည်းတွေထည့်ပေးဖို့ပြင်တော့တယ်

xiao zhan လဲအခန်းတံခါးကိုလော့ခ်ချပြီးနောက် စိတ်ရှိလက်ရှိငိုချတော့တယ်
သူ yibo ကိုငယ်ငယ်လေးကတည်းကချစ်လာခဲ့တာ  yibo ကတော့သူ့ကိုမမြင်ချင်လောက်အောင်မုန်းနေခဲ့တာတဲ့လား သူဒီခါးသီးတဲ့အချစ်ကိုမခံစားချင်တော့ဘူး
"ဒါက ဘာသဘောလဲ သူကငါတို့ကိုမမှတ်မိတာလား သူမလို့ကွာ ပြောရက်တယ် " zhan ရဲ့စိတ်ထဲက ဝံပုလွေဝိညာဥ်ပိုင်ရှင် ဝေ့ရင်းရဲ့အသံကထွက်လာပြီးမေးတယ်
" ငါမသိဘူး သူသိသွားခဲ့ရင်လဲ ထားခဲ့ဦးမှာပဲလေ "
" ဒါဆို မင်းလဲ တစ်ခြား omega တစ်ယောက်မြန်မြန်ရှာသင့်တယ်
မင်းစိတ်ကြွလာတဲ့အချိန် ငါတို့အတွက်အန္တရာယ်အရမ်းများတယ်  အထူးသဖြင့် zhan မင်းအတွက်အန္တရာယ်ပိုများတယ် "
ဝေ့ရင်းကပြောနေပေမယ့် xiao zhan ကတော့ဘာမှတုန့်ပြန်မလာခဲ့ဘူး
" Come on zhan ငါတို့တူတူရှာကြတာပေါ့ အရူးတစ်ယောက်လိုခံစားမနေနဲ့ "
" ဘာမှလာမပြောနဲ့ကွာ ငါကအရူးဆိုမင်းလဲအရူးပဲ ငါခံစားနေရတာမမြင်ဘူးလား.တိတ်တိတ်နေကွာ "
zhan လဲအခန်းထဲကနေပြန်ထွက်လာလိုက်တယ် မဟုတ်ရင် သူတစ်ယောက်ဆိုဟိုကောင်ကပွစိပွစိလုပ်နေဦးမှာ

" Mr. Han ကျွန်တော့်ပစ္စည်းတွေအကုန်ထည့်ပြီးပြီလား "
" ဟုတ်ကဲ့ သခင်လေး "
" ကျေးဇူးပါ Mr. Han ခင်ဗျားကအကောင်းဆုံးပဲ "
zhan လဲအားယူလို့ပြုံးပြရင်းခြံထဲက ဥယျာဥ်လေးထဲကိုထွက်လာခဲ့တယ်
တစ်နေ့လုံးထိုဥယျာဥ်လေးထဲမှာသာကုန်ဆုံးခဲ့တယ်

နောက်တစ်နေ့မနက်ရောက်တော့ xiao zhan နောက်ဆုံးအနေနဲ့ကျောင်းကိုသွားဖို့ဆုံးဖြတ်လိုက်တယ်
xiao zhan အတန်းထဲဝင်လာတော့ yibo ကလင်ဘို့ဝမ်တို့နဲ့ရီမောပြီးစကားပြောနေတာ ကိုမြင် တော့ သူဝမ်းနည်းတယ်
သူ့ရှေ့ဆိုဘယ်တော့မှမပြုံးတော့တဲ့ yibo ကသူ့သူငယ်ချင်းတွေနဲ့ကျ အမြဲ ပြုံးနေတာပဲ
" သူက သူ့သူငယ်ချင်းတွေနဲ့ ရှိနေတာပဲကောင်းပါတယ် သူပျာ်နေတာပဲ " xiao zhan လဲတိုးတိုးလေးသာပြောလိုက်ပြီး သူ့ခုံမှဝင်ထိုင်လိုက်ပြီး လူတစ်ယောက်ကိုပတ်ရှာနေမိတယ်

I am your ALPHA and you are my OMEGAWhere stories live. Discover now