( လန်ကျန့် / လန်ဝမ်ကျီ ။ ဝေ့ရင်း / ဝေ့ဝူရှန့် ) ခေါ်ရအဆင်ပြေသလိုလေး နာမည်တွေရေးမှာပါ
" ဒီကနေ ဘယ်လိုထွက်ရမလဲ "
လန်ကျန့် ဟာလူစိမ်းတွေနဲ့ နေရတာ လုံးဝမကြိုက်တဲ့သူမို့ ဒီနေရာမှာသူဆက်မနေချင်တော့ဘူး ။
" ကောင်းပါပြီ သခင်လေး ၊ မင်းရဲ့သဘောပါပဲ ၊ ဒါနဲ့ ငါနာမည်ကဝေ့ဝူရှန့် "
" မမေးဘူး "
" haha မင်းကအရမ်းအေးစက်တာပဲ "
လန်ကျန့် အခုမှဒီလူရဲ့မျက်နှာသေချာကြည့်မိတယ် ။ နိုးလာကတည်းက ဆံပင်နဲ့အဝတ်အစားတွေကိုပဲ ကြည့်ခဲ့တာ မျက်နှာချင်းမဆိုင်ချင်လို့ ။
အခုသေချာကြည့်တော့မှ ဒီလူက သူထင်ထားတာထက် ပိုချောနေတယ် ။လန်ကျန့်အတွေးလွင့်နေတုန်းမှာပဲ...
" hey! မင်းနားထောင်နေရဲ့လား "
ဝေ့ရင်းက လန်ကျန့်ရှေ့လက်ကိုဝှေ့ယမ်းပြီးမေးတော့မှ လန်ကျန့်သတိပြန်ကပ်လာတော့တယ် ။
" အမ်? "
" ငါပြောတာက ငါတို့ရောက်ပြီလို့ "
ဝေ့ရင်းပြောတော့မှ လန်ကျန့်သတိထားမိတော့ သူတို့ရောက်နေတာ မြို့တစ်ခုအနားမှာ။
လန်ကျန့်စိတ်ထဲ မြို့နားရောက်တာ အရမ်းမြန်နေသလိုပဲ ။
ခရီးကတိုတယ်ဆိုတာထက် သူဒီလူအနားမှာရှိနေလို့ပဲ အချိန်တွေကိုမေ့သွားတာလား ။
မြို့နားရောက်ပြီဆိုတော့ သူတို့လမ်းခွဲရတော့မှာ ။
ပြန်တွေ့နိုင်ဖို့ဆိုတာ မသေချာဘူး ၊ လန်ကျန့်ရဲ့စိတ်တွေထဲမှာလဲဒီလူကို ထွက်မသွားစေချင်ဘူး ။" မင်းဘယ်သွားမှာလဲ "
" လန်ဟွားဝူ ( ကြာပန်းစံအိမ် )"
လန်ကျန့်ရဲ့အဖြေကို ကြားတဲ့အခါဝေ့ရင်းကျေနပ်သွားတယ် ။
ဝေ့ရင်းရဲ့အပြုံးပိုတော့ လန်ကျန့်မမြင်လိုက်မိဘူး ။
" ငါသွားပြီနော် လန်ကျန့် "
ဝေ့ရင်းထွက်သွားတာကို ရပ်ကြည့်ပြီးမှပဲ လန်ကျန့်လဲ သူ့သွားမယ့်နေရာကိုဦးတည်ပြီး လျောက်လာတော့တယ် ။လန်ကျန့် ကြာပန်းစံအိမ်ရောက်တော့ ညကကွဲသွားတဲ့သူငယ်ချင်းတွေရော သူ့အကိုတော်ပါ ရောက်နှင့်နေတယ် ။
တစ်ယောက်ပြီးတစ်ယောက်မေးခွန်းတွေ လာမေးပေမယ့် လန်ကျန့်က ခေါင်းငြိမ့်ခေါင်းခါရုံသာပြန်ဖြေတယ် ။
" မင်းဘယ်တွေသွားနေတာလဲ တိတိ "
လန်ကျန့်ဆီက အဖြေပြန်မလာ
" ကောင်းပြီ, အကိုတော် မမေးတော့ဘူး ၊ ဘာပဲဖြစ်ဖြစ် မင်းဘေးကင်းကင်းနဲ့ပြန်လာနိုင်ရင်ရပြီ "
YOU ARE READING
I am your ALPHA and you are my OMEGA
Fiksi Penggemar" yibo. အခုရောအနာဂတ်မှာရော မင်းကငါ့ရဲ့တစ်ဦးတည်းသော omega လေးဖြစ်ပေးမယ်လို့ကတိပေးနိုင်မလား " " မင်းငါ့ကိုလိမ်တယ် yibo ငါတို့ရဲ့ကတိကိုမင်းဖျက်တယ် ငါမင်းကိုမုန်းတယ် yibo " zhanyi fan fiction Transalation