Part 34

1.4K 39 3
                                    

Wei Wuxian pov

အဖေတစ်ယောက်လုံးမျက်စိရှေ့လေးတင် အသတ်ခံလိုက်ရတဲ့ ခံစားချက်က နာကျင်ရတယ်ဆိုတာထက်ကိုပိုပါတယ် ။ကျန်းသခင်ကြီးကိုရော ပါးငိုပါ မကယ်နိုင်ခဲ့လို့ ကိုယ်ကိုယ့်ကို အကြိမ်ကြိမ်အပြစ်တင်နေမိတယ် ။

လန်ကျန့်သူ့ဘေးနားမှာ ရှိနေပြီး သူ့စိတ်ကိုဖြေသိမ့်ဖို့အားပေးနေပေမယ့် သူဖြစ်လာမယ့်အရာတွေကိုကြောက်နေမိတယ် ။
သူ လန်ကျန့်ကိုမကာကွယ်နိုင်မှာ ဆုံးရှုံးရမှာအရမ်းကြောက်မိတယ် ။
ဝမ်ဂိုဏ်းက လန်ကျန့်ကိုအသဲအသန်လိုချင်နေတာ ။
ပြီးတော့ သူတို့ဂိုဏ်းတွေအကုန်လုံးကိုရှင်းပစ်ချင်နေတာ ။

လန်ကျန့်ကို ကူးစူးလန်ကိုပြန်လိုက်သွားခိုင်းဖို့ သူတွေးခဲ့မိပေမယ့် ခေါင်းမာလွန်းတဲ့ နှလုံးသားကအသဲအသန်ငြင်းဆန်တယ် ။
ဝမ်ချောင်ကလဲ ဝေ့ရင်းမသေမချင်း အကုန်လုံးကိုလိုက်သတ်နေမှာ အသေအချာပဲ ။
နောက်ထပ် သူချစ်ရတဲ့သူတွေ အထူးသဖြင့် လန်ကျန့်ကိုထိလာခဲ့ရင် သူလုံးဝခွင့်လွှတ်တော့မှာမဟုတ်ဘူး ။

“ဝေ့ရင်း အပြင်ကိုထွက်ပါဦးလား အကုန်လုံးကမင်းကို စိတ်ပူနေကြတာ အထူးသဖြင့် ရှစ်ကျဲ မင်းကိုတော်တော်စိုးရိမ်နေတာ “

“ငါ ..ငါ သူတို့ကိုမရင်ဆိုင်ရဲသေးဘူး ကျန်းသခင်ကြီးနဲ့ ပါး..ပါးက ငါ့ကြောင့် 
ငါ့ကိုယ်ငါအပြစ်တင်လို့မဆုံးဘူး  မားကလဲငါ့ကိုစိတ်ပျက်နေလောက်ပြီ “

လန်ကျန့်လဲ ဝေ့ရင်းရဲ့ ပါးပေါ်က မျက်ရည်တွေကိုသုတ်ပေးရင်း နူးညံ့စွာနှစ်သိမ့်တယ်
“ဒါက မမျှော်လင့်ထားဘဲဖြစ်သွားတာပါ မင်းအမှားမဟုတ်ဘူး ။သူတို့ကသတ်တာ ဝမ်ချောင်လေ “

“ငါ…ငါ သူတို့ကိုသတ်မယ် ဦးလေးကျန်း ပါး နဲ့ ငါ့လူတွေအတွက် တရားမျှတအောင်ငါလုပ်ရမယ် “

လန်ကျန့်ကခေါင်းအသာအယာငြိမ့်ပြရင်း စိတ်သက်သာရာရစေဖို့ ပွေ့ဖက်ထားပေးတယ် ။

“လန်ကျန့် မင်းဗိုက်လေးက ဘာလို့ဖောင်းလာတာလဲ မင်းငါ့အစားပါ စားထားတာလား “

“ဟမ် ငါဘာမှမစားရသေးဘူးလေ ဗိုက်ကဖောင်းလာတာလား ဝေ့ …ဝေ့ရင်း ငါသေတော့မှာလား ရောဂါဖြစ်တာလား ..”

I am your ALPHA and you are my OMEGAWhere stories live. Discover now