Part 14

706 56 3
                                    

" yizhan က ကျွန်တော် မွေးစားထားတဲ့ကလေးပါ သူ့မိဘတွေကဘယ်သူမှန်းကျွန်တော်မသိဘူး။ တစ်ညမှာ ကျွန်တော်တံခါးခေါက်သံကြားလို့ဖွင့်ကြည့်လိုက်တဲ့အချိန် သူ့ကိုခြင်းလေးတစ်ခုထဲမှာတွေ့ခဲ့တာ
ကျွန်တော်ကိုမြင်တော့သူက ကြည်လင်တဲ့မျက်လုံးလေးတွေနဲ့ ရီပြတယ်၊ ကျွန်တော်လဲကလေးကိုမြင်မြင်ချင်း  မွေးစားချင်ခဲ့တာ၊
ခြင်းထဲမှာ သူမွေးခင်းစပုံလေးနဲ့ စာတစ်စောင်ပါပေမယ့်ကျွန်တော်စာကိုဖတ်မကြည့်ခဲ့ဘူး  သူ့မိဘတွေဘယ်သူလဲစုံစမ်းခဲ့ပါသေးတယ်ဘာသတင်းအစအနမှမရခဲ့ဘူး
အဲ့တာနဲ့ပဲ ကျွန်တော်သူ့ကိုမွေးစားခဲ့တာ အခုတော့သူက ကျွန်တော်သားလေး Xiao Yizhan"

" သနားစရာလေးပဲ မင်းရဲ့သားအရင်းမဟုတ်တာသေချာတယ်နော် zhan "
" အခုတော့သူက ကျွန်တော့်သားလေးပဲလေ "
" စစတွေ့ချင်းတုန်းက မားက zhan ရဲ့သားအရင်းထင်နေတာ။ မိန်းကလေးတစ်ယောက်နဲ့ ဒါမှမဟုတ် omega တစ်ယောက်ယောက်နဲရတာ ထင်နေတာ " ဝမ်မားကပြောတော့ ရှောင်းမားကလဲခေါင်းငြိမ့်တယ်
" ဟုတ်တယ် သူကသားနဲ့အရမ်းတူတာကို သားနဲ့ yibo ပေါင်းထားတဲ့ရုပ်လေး "ရှောင်းမားကတော့ အကုန်တည့်သာပြောနေတော့တယ်
"ကျွန်တော်....ကျွန်တော်နဲ့လား "yibo အလန့်တကြားပြန်မေးတော့တယ်

" ကြည့်လေ သူ့မျက်လုံးလေးနဲ့နှာခေါင်းလေးက yibo နဲ့တူတာ နှုတ်ခမ်းလေးက zhan နဲ့တူတာ "
yibo နဲ့ xiao zhan လဲ yizhan လေးကိုကြည့်ရင်း ရှောင်းမားပြောတာကိုခေါင်းညိမ့်ထောက်ခံကြတယ်
" အပြင်သွားကြရင်မသိတဲ့သူတွေကတော့ zhan,မင်းရဲ့သားအရင်းလို့ထင်ကုန်ကြမှာပဲ "
" မားကလဲ မလိုပါဘူး bobo ရှိနေတာပဲ သူက bobo ကိုသူ့အမေလို့ထင်နေတာ "

yibo လဲ xiao zhan ကိုလှမ်းကြည့်ရင်း
*ဟမ် bobo ဆိုတာ zhan ငါ့ကို ခေါ်တဲ့နာမည်မလား *yibo ထုတ်မမေးဖြစ် စိတ်ထဲမှာ ဒွိဟ ဖြစ်နေမိတယ်

" အာ.... bobo ဟုတ်သားပဲ ဒါနဲ့အဲ့ကလေးရောအခုဘယ်မှာလဲ မားကသူဒီကိုလိုက်လာလောက်မယ်ထင်နေတာ သူ့မိဘတွေကအလုပ်ကိစ္စနဲ့ခရီးသွားနေကြတာမလား "
"သား သူ့ကိုလိုက်နေဖို့ပြောတယ် မားသိတဲ့အတိုင်းပဲ ဘို့ဘယ်ကခေါင်းမာတယ် မနက်ဖြန်တော့သူလာလည်မှာပါ "
yibo ကတော့ဘာမှဝင်မပြော xiao zhan ကိုသာငေးကြည့်နေရင်း
* zhan တော်တော်ပြောင်းလဲသွားတာပဲ အရင်ကဆိုဘယ်သူနဲ့စကားပြောပြော yibo ကိုငေးကြည့်နေကြလေ အခုတော့ တစ်ချက်မှလှည့်တောင်မကြည့် bobo ဆိုတဲ့နာမ်စားလေးကိုတောင်တစ်ခြားသူကိုခေါ်နေပြီ *
yibo ဒီအခြေအနေကိုလုံးဝမနှစ်မြို့ဘူး သူနာကျင်တယ် သူ zhan ကိုပြောခဲ့မိတာတွေကိုတကယ်နောင်တရမိတယ်

I am your ALPHA and you are my OMEGAWhere stories live. Discover now